အနည်း အင်ကယ်ပေါတယ် အူရှာတယ် ဟမ်မိတစ် ကုန်းတတ်ကုန်းဆင်း အနည်း နာလတကယ်
ကြည့်ပါအုံးဗျာ
သူများဘာသာကို ရစရာမရှိအောင် အတက်စီးစကားလုံးများနဲ့ ပြောတတ်သော ဗုဒ္ဓဘာသာ
ဂေါတာမမှာ မယားငါးယောက် စာရင်းကို တော့ မဖော်ပြကြဘူး ဂတုံးတွေ က
သိတဲ့အတိုင်းပဲ သူတို့ ထမင်းအိုးကို ထုံးသုတ်ပြီး ကာကွယ်နေတာ
ကျွန်တော်အခုလို လုပ်နေတာကို ဂတုံးတွေ ကျေနပ်မည်မဟုတ်ပါ။
သူများဘာသာကို မဟုတ်မမှန်စကားတွေ နဲ့ စွပ်စွဲရရင်
ပျော်ရွှင်လို့ မဆုံး သဘောကိုကျလို့ ဂတုံးများ ကျွန်တော်ယခုလို့
လုပ်နေတာကို ထမင်းငတ်မီ အရေးအား တွေးကြောက်၍ တိုက်ခိုက်လာမည်မှာ အမှန်ပါ.
ရပါတယ် တိုက်ပါ... အမှန်တိုင်း ဖြစ်အောင်တော့ ပြောပါ. ..မဟုတ်မမှန်တဲ့
စကားတွေ နဲ့ မပြောပါနဲ့ ...သမိုင်းနဲ့ အကိုအကားလေးနဲ့
ထုတ်ဖော်ပြောဆိုကြပါ.... အပေါ်က ပုံကတော့ ဂေါတမကုလားက ပေးပို့လာတဲ့ ပုံပါ။
ဒါကို စာရေးသူက ဒီလိုဖြေစွက်လိုက်ပါတယ်.... ဂေါတာမရဲ့ မယားနာမည်တွေ ကို
ဖော်ပြထားလို့ မပြ့ည်စုံမှာစိုးလို့ သူ၏သားနာမည်တွေ မှာ
ဖြည့်စွက်ရေးသားလိုက်ပါတယ်.... သားတွေ မွေးဖွားမူကလည်း ထူးဆန်းလေစွ
မယားငါးယောက် သားငါးယောက်တဲ့ ဒါတော့ မဖြစ်နိုင်ပါ..... ဒီထက်မက
သားသမီးရှိရအုံးမယ်.... သူတို့ မဖော်ပြထားတော့ ကျွန်တော်လည်း မသိတော့
သူတို့ရေးသားဖော်ပြထားသည့်အတိုင်း စာရေးသူ ဖော်ပြလိုက်ပါတယ်.... မယုံလျှင်
ဟံသာဝတီတိုက်ထုတ်၊ ဗုဒ္ဓဝင်ဝတ္ထု၊ စာမျက်နှာ ၁၅၅ မှာ ရှာဖွေလို့ရပါတယ်....
အောက်ကတော့ သူမယားနာမည်နဲ့ သူသားငါးယောက်ရဲ့ နာမည်တွေ ပါ.
၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
၎။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
၎င်းတို့ကို ဗုဒ္ဓဝင် အကျဉ်းချုပ်နှင့်ဒီဃနိကာယ် ကျမ်းတွင် ပါကြောင်း လမ်းညွန်ပြထားလေသည်။
သနားစရာသတ္တ၀ါတွေအနေနဲ့ ... စာနာ မိပါတယ် လို့ပဲပြောပါရစေ...။
ReplyDeleteအရာ ရာပြည့် စုံလွန်းပြီး အပြစ် မြူမှုံမျှပြောစရာမရှိတဲ့ ဘုရားရှင်ကို ... သူက ငါတို့ ဘုရားလိုပဲဖြစ်သင့်တယ် ..ဆိုပြီး အတင်း မညီ ညီအောင်ညှိနေပုံက သနားစရာပါ။
ဒီကိစ္စ ကိုရှင်းတော့မယ်ဆိုရင် .... ဘုရားရှင် လက်ထက်တော်အချိန်က ... အိန္ဒိယနိုင် ငံရဲ့ ..ဓလေ့ ထုံးတမ်းစဉ်လာ ကိုတော့ ... အထူးလေ့လာသင့်ပါတယ် ... ဘုရားရှင် လက်ထက်တော်အချိန်ထဲက အိန္ဒိယမှာတစ်လင်တစ်မယားစနစ် ဖြစ်တဲ့အပြင် ... တစ်ချို့ဒေသတွေမှာဆို ယောက်ျား ကွယ်လွန်ရင် ... မိန်းမကပါ လိုက်သေရတဲ့ ... ဓလေ့ရှိပါတယ် ... ဘုရင်တောင်မှ တစ်လင်တစ်မယားစနစ်ပါ... ဒါဟာ ကမ္ဘာမှာအိန္ဒိယ တစ်နိုင်ငံ ထဲမှာ ပဲရှိတဲ့ဓလေ့ပါ...။ (ဗော်လဂါမှ ဂင်္ဂါသို့ ဆိုတဲ့စအုပ်မှာ ပြီးတော့ Light of Asia စာအုပ်တွေမှာ ... အဲ့ဓလေ့တွေ သိသိသာသာဖော်ပြထားပါတယ်။ )
ကဲဘုရားရှင်အကြောင်းကိုသွားရအောင်ပါ.....
ဒီဃနိကာယ် မဟာဝဂ္ဂဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၅,၁၆-တို့မှာ ဘုရားခုနစ်ဆူနဲ့ သားတော် ၇-ပါးနှင့် ကြင်ယာတော် ၇-ပါးတို့ကို ဂါထာဖွဲ့ပြီး ပြထားပါတယ်
သမဝတ္တက္ခန္ဓော အတူလော၊ သုပ္ပဗုဒ္ဓေါ စ ဥတ္တရော။
သတ္တဝါဟော ဝိဇိတသေနော၊ ရာဟုလော ဘဝတိ သတ္တမော ဆိုတဲ့ဂါထာအရ
ဘုရားလောင်း ခုနစ်ပါးတို့ရဲ့ အစဉ်အတိုင်း သားတော် ( ၇ ) ပါးရှိကြောင်းကို (((ဧတေ တာဝ သတ္တန္နံ ဗောဓိသတ္တနံ အနုက္ကမေနေဝ သတ္တပုတ္တာ ဝေဒိကဗ္ဗာ )))) လို့ အတိ အလင်း ဖော်ပြထားပါတယ်။၊ ထို့အပြင်...
(((( သုတနာ သဗ္ဗကာမာ စ၊ သုစိတ္တာ အထ ရောစိနီ။ ရုစဂ္ဂတီ သုနန္ဒာ စ၊ ဗိမ္မာ ဘဝတိ သတ္တမာ - လဲဧတာ တေသံ သတ္တန္နမ္ပိ ပုတ္တာနံ မာတရော အဟေသုံ))))
လို့ဂါထာဖွဲ့ပြီး ဘုရားလောင်း ( ၇ ) ဦးရဲ့ ကြည်ယာတော် (၇ ) ယောက် အမည်များ နှင့် ထိုအမျိုးသမီး ( ၇ ) ဦးတို့သည် ထိုသားတော် ( ၇ ) ပါးတို့၏ မိခင်များ ဖြစ်ကြပါတယ်လို့ ဆိုထားပါတယ် ...။
ဘုရား ၇-ဆူ တို့ရဲ့ သည်သားတော် ကြင်ယာတော်များကို ဗုဒ္ဓဝံသအဋ္ဌကထာမှာ ဆိုထားတာကတော့ ...
(၁) ဗုဒ္ဓဝံသ အဋ္ဌကထာ။ ဆဋ္ဌမူ စာမျက်နှာ ( ၂၈၃ ) တွင် ...
သုတနု နာမဿ အဂ္ဂမဟေသီ၊ သမဝတ္တက္ကန္ဓော နာမဿ ပုတ္တော
ဝိပဿီဘုရားရှင်ရဲ့ မိဖုရားက သုတနု၊ သားတော်က သမဝတ္တက္ကန္ဓ
(၂) စာမျက်နှာ ( ၂၈၉ ) တွင် ...
သဗ္ဗကာမာ နာမဿ အဂ္ဂမဟေသီ၊ အတုလော နာမဿ ပုတ္တော
သိခီဘုရားရှင်ရဲ့ မိဖုရားက သဗ္ဗကာမာ၊ သားတော်က အတုလ
(၃) စာမျက်နှာ ( ၂၉၄ ) တွင် ...
သုစိတ္တာ နာမဿ ဘရိယာ၊ သုပ္ပဗုဒ္ဓေါ နာမဿ ပုတ္တော
ဝေဿဘူဘုရားရှင်ရဲ့ မိဖုရားက သုစိတ္တာ၊ သားတော်က သုပ္ပဗုဒ္ဓ
(၄) စာမျက်နှာ ( ၃၀၀ ) တွင် ...
ဘရိယာ ပနဿ ရောစိနီနာမ ဗြဟ္မဏီ၊ ဥတ္တရော နာမ ပုတ္တော
ကကုသန်ဘုရားရှင်ရဲ့ မိဖုရားက ရောစိနီပုဏ္ဏေးမ၊ သားတော်က ဥတ္တရ
(၅) စာမျက်နှာ ( ၃၀၅ ) တွင် ...
ဘရိယာ ပနဿ ရုစိဂတ္တာ နာမ ဗြဟ္မဏီ၊ သတ္တဝါဟော နာမ ပုတ္တော
ကောဏာဂုမ်ဘုရားရှင်ရဲ့ မိဖုရားက ရုစိရတ္တပုဏ္ဏေးမ၊ သားတော်က သတ္တဝါဟ
(၆) စာမျက်နှာ ( ၃၁၂ ) တွင် ...
သုနန္ဒာ နာမဿ အဂ္ဂမဟေသီ၊ ဝိဇိတသေနော နာမ ပုတ္တော
ကဿပဘုရားရှင်ရဲ့ မိဖုရားက သုနန္ဒာ၊ သားတော်က ဝိဇိတသေန
(၇) ဂေါတမဘုရားရှင်ရဲ့ မိဖုရားကတော့ ယသောဓရာ ဗိမ္ဗာဒေဝီ၊ သားတော်ကတော့
ရာဟုလာ ဆိုပြီး တိတိကျကျ ဖွင့်ဆိုထားပါတယ်....။
ဒါကြောင့် ဂေါတမဘုရားလောင်းမှာ မယား ၇-ယောက်၊ သား ၇-ယောက်မရှိပါဘူုး၊ မယားတစ်ယောက် သားတစ်ယောက်သာရှိပါတယ်ရှင် ...။
ဘုရား ၇-ဆူတို့ရဲ့ သားမယားများနှင့် မှားယွင်းပြီး မယား ၇-ယောက်၊ သား ၇-ယောက်လို့ရေးတယ်၊။
ပြီးတော့ သည်ကမ္ဘာမှာပွင့်တဲ့ ဘုရားငါးဆူတို့ရဲ့ သားမယားများနှင့် ရောပြွမ်းပြီး မယား ၅-ယောက်၊ သား ၅-ယောက်လို့ရေးတာဖြစ်ပါတယ်...။
ဒီရေးသားချက်တွေဟာ ... သာသနာတော်ကိုစော်ကားပုတ်ခတ်ချင်လို့သက်သက် သာရေးခြင်းဖြစ်ပါတယ်....။
( ဘုရားလောင်းတို့မည်သည် သားတစ်ယောက် မယားတစ်ယောက်သာ ရှိတာပါရှင်။)