Friday, December 28, 2012

မဟုတ်မမှန်သော ဗုဒ္ဓဘာသာဝင်များသို့ (၁)

အနည်း အင်ကယ်ပေါတယ် အူရှာတယ် ဟမ်မိတစ် ကုန်းတတ်ကုန်းဆင်း အနည်း နာလတကယ်

ကြည့်ပါအုံးဗျာ သူများဘာသာကို ရစရာမရှိအောင် အတက်စီးစကားလုံးများနဲ့ ပြောတတ်သော ဗုဒ္ဓဘာသာ ဂေါတာမမှာ မယားငါးယောက် စာရင်းကို တော့ မဖော်ပြကြဘူး ဂတုံးတွေ က သိတဲ့အတိုင်းပဲ သူတို့ ထမင်းအိုးကို ထုံးသုတ်ပြီး ကာကွယ်နေတာ ကျွန်တော်အခုလို လုပ်နေတာကို ဂတုံးတွေ ကျေနပ်မည်မဟုတ်ပါ။

သူများဘာသာကို မဟုတ်မမှန်စကားတွေ နဲ့ စွပ်စွဲရရင် ပျော်ရွှင်လို့ မဆုံး သဘောကိုကျလို့ ဂတုံးများ ကျွန်တော်ယခုလို့ လုပ်နေတာကို ထမင်းငတ်မီ အရေးအား တွေးကြောက်၍ တိုက်ခိုက်လာမည်မှာ အမှန်ပါ. ရပါတယ် တိုက်ပါ... အမှန်တိုင်း ဖြစ်အောင်တော့ ပြောပါ. ..မဟုတ်မမှန်တဲ့ စကားတွေ နဲ့ မပြောပါနဲ့ ...သမိုင်းနဲ့ အကိုအကားလေးနဲ့ ထုတ်ဖော်ပြောဆိုကြပါ.... အပေါ်က ပုံကတော့ ဂေါတမကုလားက ပေးပို့လာတဲ့ ပုံပါ။ ဒါကို စာရေးသူက ဒီလိုဖြေစွက်လိုက်ပါတယ်.... ဂေါတာမရဲ့ မယားနာမည်တွေ ကို ဖော်ပြထားလို့ မပြ့ည်စုံမှာစိုးလို့ သူ၏သားနာမည်တွေ မှာ ဖြည့်စွက်ရေးသားလိုက်ပါတယ်.... သားတွေ မွေးဖွားမူကလည်း ထူးဆန်းလေစွ မယားငါးယောက် သားငါးယောက်တဲ့ ဒါတော့ မဖြစ်နိုင်ပါ..... ဒီထက်မက သားသမီးရှိရအုံးမယ်.... သူတို့ မဖော်ပြထားတော့ ကျွန်တော်လည်း မသိတော့ သူတို့ရေးသားဖော်ပြထားသည့်အတိုင်း စာရေးသူ ဖော်ပြလိုက်ပါတယ်.... မယုံလျှင် ဟံသာဝတီတိုက်ထုတ်၊ ဗုဒ္ဓဝင်ဝတ္ထု၊ စာမျက်နှာ ၁၅၅ မှာ ရှာဖွေလို့ရပါတယ်.... အောက်ကတော့ သူမယားနာမည်နဲ့ သူသားငါးယောက်ရဲ့ နာမည်တွေ ပါ.

၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
၎။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
၎င်းတို့ကို ဗုဒ္ဓဝင် အကျဉ်းချုပ်နှင့်ဒီဃနိကာယ် ကျမ်းတွင် ပါကြောင်း လမ်းညွန်ပြထားလေသည်။

ဗုဒ္ဓဝါဒပြဿနာများ ဖြစ်ပေါ်စေသော ဓမ္မသဘင် တကယ်ရှိခဲ့သလော?

ဤစာအုပ်ဖြစ်ပွားစေသူ ဘက္ခူအရှင်အရိယဓမ္မ၏ ဘဝတစ်စိတ်တစ်ဒေသကို မြန်မာပြန်ဆိုသူ တောင်တွင်း ကိုကိုကြီး၏ နိဒါန်းစကား ဖေါ်ထုတ်ချက်အရ သိရှိခဲ့ရပြီးဖြစ်သည်။ မြှား (၅) ချောင်းအားဖြင့်၎င်း၊ ကြယ် (၇) ပွင့်အားဖြင့်၎င်း အကျဉ်းဖေါ်ပြခဲ့သည်။ သတ္တမကြယ်ပွင့် ဖေါ်ထုတ်ချက်အရ ဗုဒ္ဓဝိဟာရဘုံဘိုင်မြို့ ဓမ္မသဘင်မှ ထွက်ပေါ်လာသော လုလင်ငယ် ယေရှု တိဗက်ပညာတော်သင် ကိစ္စကို အကျယ်တဝင့်ဆွေးနွေး တင်ပြခဲ့ပါသည်။
ယခု အဋ္ဌမကြယ်ပွင့် အမှတ်အသားဖြင့် ဖေါ်ပြရသော်-

            ၁၉၃၈ ခုနှစ်တွင် အရှင်အရိယဓမ္မသည် အိန္ဒိယပြည်တွင် မမွေ့လျှော် မပျော်ပိုက်တော့၍ တောင်တွင်းကြီး ဆရာတော် အသျှင် ဥက္ကဋ္ဌ၏ခြေတော်ရင်းတွင်း ပြန်လည်ခိုလှုံလာသည်။ ၁၉၃၆-၁၉၃၈ (၂) နှစ် နေခဲ့သည်ဟုဆိုနိုင်သော်လည်း အချိန်ကာလအားဖြင့် အတိအကျ မခန့်မှန်းနိုင်ပေ။ အချိန်တိုအတွင်းမှာ အခြားဘာသာတရားများကို မတော်မတရားစော်ကားသော ဓမ္မသဘင်ဆိုသည်ကို အမှန်တကယ် ကျင်းပနိုင်ခဲ့ပါသလော?

ဓမ္မဒေသနာ ဟောပြောပွဲလော?
            သက်ဆိုင်ရာ ဘာသာဝင်တို့၏ ပင့်ဖိတ်ချက်အရ ဟောပြောသော အခမ်းအနားကို တရားပွဲဟုခေါ်သည်။ နေ့ရက်၊ အချိန်၊ နေရာ၊ တရားခေါင်းစဉ်စသည် အစီအစဉ်ဖြင့် ဟောကြားခြင်းကို တရားပွဲဟု ဆိုရသည်။ အရိယဓမ္မ၏ ထင်ရာမြင်ရာဖြေဆိုပွဲသည် တရားပွဲမဟုတ်။

ဓမ္မသာကစ္စာတရားဆွေးနွေးပွဲလော?
            အခြားဘာသာတရားကို သိလိုသော သို့မဟုတ် မိမိဘာသာတရားကို သိစေလိုသော ဓမ္မမိတ်ဆွေနှစ်ဦးနှစ်ဘက် ညှိနှိုင်းတိုင်ပင်၍ နေ့ရက်နေရာ အကြောင်းအရာ သတ်မှတ်ချက်များအပြင် အပြန်အလှန်ဆွေးနွေးခြင်းကို တရားဆွေးနွေးခြင်းဟုဆိုသည်။ အရိယဓမ္မ၏ တစ်ဖက်သတ် အနိုင်ယူဖြေကြားပွဲသည် တရားဆွေးနွေးပွဲမဟုတ်။

ဓမ္မဝိဝါဒတရားပြိုင်ပွဲလော?
            ၁၉၃၆ ခုနှစ်တွင်ပြုလိုပ်ခဲ့သော "ကျောက်ကွင်း အရေးတော်ပုံ" ဟုကျော်ကြားသော ဗုဒ္ဓဘာသာခေါင်းစဉ်များနှင့် ခရစ်ယာန်ဘာသာခေါင်းဆောင်များ၏ ကြိုတင်သတ်မှတ်ချက်များဖြင့် အပြန်အလှန် ဝေဖန်တင်ပြတိုက်ခိုက်ဟောပြောနိုင်သော ဓမ္မသဘောတရားငြင်းခုံပွဲမျိုးသည် ဓမ္မဝိဝါဒပွဲ၊ ဓမ္မစကားရည်လုပွဲဖြစ်သည်၊ အလွန်အဆင့်အတန်းမြင့်မားသည်။ ထိုပွဲအတွင်းဘာသာပြောင်းကိုးကွယ်မှု လွတ်လပ်စွာပြုနိုင်သည်။ ထိုပွဲမျိုး ကမ္ဘာ့အခြား တစ်နေရာတွင် ရှိခဲ့သည်ဟု မကြားစဘူးပေ။ ထိုပွဲမျိုးနှင့် အရိယဓမ္မ၏ တကိုတော်တည်း ပထမရသော ပွဲမျိုးသည် လုံးဝမတူပေ။

            တရားဟောပြောပွဲ၊ တရားဆွေးနွေးပွဲ၊ တရားပြိုင်ပွဲ (၃) ပွဲမဟုတ်သော မတရားပွဲ တမျိုးဖြင့် စိတ်ကြိုက်ဖန်တီးသော ဓမ္မဇာတ်ကောင် ဆရာကြီးများကို အနိုင်ယူကာ မှတ်တမ်းတင်ထားသောစာအုပ်ဟု "ဗုဒ္ဓဝါဒ ပြဿနာများ" ကျမ်းကို ဂုဏ်ပြုလျှင် မမှားနိုင်ဟု ထင်မိပါသည်။

            ဟိန္ဒူဘာသာဓမ္မဇာတ်ကောင်ဆရာကြီးကို ဝေဒကျမ်းများ၊ ပူရဏ်များကို ကောင်းစွာ ကျွမ်းကျင်သည့် ဟိန္ဒူဘုန်းတော်ကြီး ပဏ္ဍိတ်အက်စ်ရှုကာလဂျီဟု ဂုဏ်ထူးဝိသေသ အမည်နာမသတ်မှတ်ထားသည်။ သို့ရာတွင် အရိယဓမ္မ၏စွပ်စွဲဝေဖန် ပုတ်ခတ်ချက်များကို ဝန်မခံဟု ဆိုကာ သဘာပတိဆိုသူက "မဖြေပဲ တရားပွဲမှ ထွက်သွားလျှင် ပဏ္ဍိတ်ကြီးဟာ ပေးထားတဲ့ အာမခံချက်တွေကို ချိုးဖောက်တဲ့ အနေဖြင့် တရားစွဲဖို့ပဲရှိပါတော့တယ်"။ ဟုပြောခဲ့သည်။ မတရားပွဲမှ တရားစွဲပွဲအဆင့်သို့ ရောက်လုမတတ်ဖြစ်ခဲ့ရလေသည်။ ဗုဒ္ဓ၏ အမေးကို မဖြေဆိုက သစ္စက၏ ဦးခေါင်းကို ဝရဇိန်လက်နက်ဖြင့် (ရ) စိပ်ခွဲမည်ဟု အကြမ်းဖက်ချိန်းခြောက်သော သိကြားမင်းကို ပြေး၍ပင် သတိရမိတော့သည်။

            ခရစ်ယာန် ဘာသာဓမ္မဇာတ်ကောင် ဆရာကြီးကိုလည်း ခရစ်ယာန် ဘုန်းကြီး ဂျေဝီလ်ဆင်ဆင် အမ်အေ ( အောက်စဖို့တက္ကသိုလ်)၊ ဘုံဘိုင်မြို့အယ်လီဖင့်စတုန်းကောလိပ်ကောင်း ပညာရှင်ကြီးအဖြစ် ဂုဏ်ပြုဖေါ်ပြထားပါသည်။ သို့ရာတွင် ဥပုဒ်စာဖြေ သင်တန်းကျောင်းမှ ကလေး သူငယ်များပင် သိနိုင်သော ခရစ်တော်အကြောင်းကို မသိဟု ဖြေဆိုခိုင်းလေသည်။ ကယ်တင်ခြင်းတရားအကြောင်းကို ခရစ်ယာန်ဘာသာပါရဂူနှင့်တကွ မိမိ၏ အင်္ဂလန်ပြည်ဂိုဏ်းချုပ်ကြီးပင် မရှင်းပြနိုင်ကြောင်း ဝန်ခံခိုင်းလေသည်။ ဤမျှလောက်အောင်နိုင်သော အရှင်အရိယဓမ္မပေတကား။
            စာမျက်နှာ (၁၁၃) တွင် ဖေါ်ပြထားသော ဓမ္မအတွေးအခေါ်မပါ၊ ကလေးကုလားဆန်သော အမေးအဖြေတစ်စုံကို အောက်တွင် ဖေါ်ပြလိုက်သည်။ အရှင်အရိယဓမ္မ "ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့ အမိန့်တော်ကို စောင့်နေဆဲ ( ၁၈) နှစ်တာကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကို သွားမလား၊ ငရဲပြည်ကိုပဲ သွားကြရသလား?"
            - သူသည်လက်သမားသားမဟုတ်လော?
            -မာရိ၏ သားမဟုတ်လော?
            -ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အကိုမဟုတ်လော?
            -သူ့နှစ်မများသည်လည်း ငါတို့နှင့် အနီးအပါးမှာနေကြသည် မဟုတ်လော?
အထက်ပါ အမေးများကို သူ၏ဓမ္မဇာတ်ကောင်ဖြစ်သော ခရစ်ယာန် ဓမ္မပါရဂူဆရာတော်ကြီးက-
            "ဒီ(၁၈)နှစ်တာ ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲကနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကြရပါတယ်ဆရာတော်၊ ဘာပြုလို့လည်းဆိုတော့ အဲ့ဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်း မဖွင့်သေးလို့ပါဆရာတော်" ဟူသတည်း။

            မည်သို့ပင်ဖြစ်စေ ဓမ္မသဘင်တကယ်ရှိခဲ့ဟန်ဇာတ်လမ်းတစ်ပုဒ်ကား တည်ရှိနေလေပြီ။ ထိုဇာတ်မှ အခန်းအချို့ကို တတ်စွမ်းသမျှတင်ပြခဲ့ပြီ။ ထိုဇာတ်လမ်း သန္ဓေတည်ရာ "ဗုဒ္ဓဝါဒ ပြဿနာများ" စာအုပ်တိမ်မြုပ်ကာလ သန္ဓေတည်ကာလကားရှည်လျှားလှပေ၏။

            "ဗုဒ္ဓဝါဒ ပြဿနာများ" စာအုပ်တိမ်မြုပ်ကာလ

အရိယဓမ္မ၏ အတ္ထုပ္ပတ္တိကို ယခုနောက်ဆုံး နဝမကြယ်ပွင့် အမှတ်အသားအားဖြင့် ဖေါ်ပြချက်ကား-
            ၁၉၃၈ ခုနှစ် အိန္ဒိယပြည်မှ တောင်တွင်းကြီးပြန်လာပြီး အမေရိကန်သို့ကြွရောက်ရန် ကြံစည်ပြန်လေသည်။ အမေရိကန် သမတရုစဘဲ့ထံသို့ အမေရိကန်တိုက်၌ ဗုဒ္ဓသာသာနာပြုခွင့်တောင်းခံခဲ့သည်ဟုဆိုသည်။ မည်သည့်ဘာသာဝင် သာသနာပြုမဆိုသွားရောက် သာသနာပြုနိုင်သော နိုင်ငံ၏ သမတထံသို့ ရေးကြီးခွင်ကျယ်ခွင့်တောင်းခြင်းဖြစ်သည်။ ယဉ်ကျေးသော သမတကြီးက ကန့်ကွက်ပိတ်ပင်စရာမရှိကြောင်း စာပြန်ခဲ့သည်ဟု ဆိုသည်။ ဤသို့ဖြင့် အမေရိကန်သို့သာသနာပြုကြွသွားခဲ့သည်။ အချိန်ကာလအားဖြင့် အတိအကျ မဖေါ်ပြထားချေ။ သို့ရာတွင် ရုစဘဲ၏ တတိယ သမတသက်တမ်း ( ၁၉၄၀-၄၄) အတွင်းဖြစ်နိုင်စရာရှိသည်။ မြန်မာပြည်မှ နောက်ဆုံးထွက်ခွာခြင်းဖြစ်သည်။

            ဗုဒ္မဝါဒပြဿနာများ စာအုပ်မူကြမ်းကို အဘယ်အချိန်တွင် စတင်ပြုစုခဲ့သနည်း။ အမေးအဖြေပွဲပြုစဉ် ၁၉၃၆-၃၈ ကာလအတွင်း တစ်ချိန်ချိန်တွင်လော? အိန္ဒိယတွင်လော? မြန်မာပြည်မှာလော? အမေရိကတွင်လော? မြန်မာဘာသာမပြန်မီ အနှစ် (၃၀) လုံးလုံး (၁၉၃၈-၁၉၆၈) အတွင် ထိုစာအုပ်အဘယ်မှာ ရှိနေခဲ့သနည်း? အရိယဓမ္မလက်ထဲမှာလော? တောင်တွင်းကြီးသျှင်ဥက္ကဋ္ဌလက်ထဲမှာလော? ဝင်းမော်ဦး စာအုပ်တိုက်သို့ ဘယ်အချိန်မှာ ရောက်သွားသလည်း? .... စသည်စသည်သော မေးခွန်းပေါင်းများစွာဖြင့် သုတေသနပြုဘွယ်များစွာရှိနေပါသည်။ ဖြစ်စဉ်ကာလ၊ ဖြစ်ရပ်ကိစ္စများကို အတိအကျမသိရသေးသော်လည်း ပြုစုထားကြောင်းကား ထင်ရှားလှပေ၏။
            ဥပမာ-
                        စာမျက်နှာ (၁၆၉)တွင် "... ဒါ့ကြောင့် တကယ့်မှန်ကန်တဲ့တရားကို သိလိုနာလိုကြလို့ ယခုလိုဒီနေရာမျီုးမှာ လာရောက်စုဝေးကြတဲ့ ဒါယကာ၊ ဒါယကာမအားလုံးကို ဦးပဉ္စင်းက ဘယ်ဘာသာ၊ ဘယ်တရား၊ ဘယ်အယူဝါဒကိုမျှ မထောက်မညှာပဲဟောပြောတဲ့အတွက် စိတ်လက်မသာမယာဖြစ်ဖို့လည်း တောင်းပန်ပါတယ်။ ဦးပဉ္ဓင်းကိုယ်တိုင် ကမ္ဘာမှာရှိတဲ့ ဘာသာတရားအယူအဆဝါဒပေါင်း (၂၉)မျိုးကို (၂၂) နှစ်ကျော်လေ့လာလိုက်စားပြီးမှ သစ္စာဝါဒီကိုတွေ့ရှိရလို့ ဒီလို သစ္စာဝါဒီကိုလက်ခံကာ အလွန်စိတ်အားထက်သန်လှတဲ့ ဗရင်ဂျီဘာသာဝင်တစ်ယောက်အဖြစ်က ဗုဒ္ဓဘာသာ သာသနာဘောင့်ထဲကိုဝင်ပြီး သာသနာ့ဝန်ထမ်းရဟန်းဘဝကို ခံယူခဲ့ရခြင်းဖြစ်ပါတယ်"

            ဤစကားပြောချိန်တွင် အရိယဓမ္မသည်အသက်သည် (၃၄)နှစ်မျှသာရှိသေးသည်။ ဗုဒ္ဓဘာသာကို သုတေသနအဆင့်ဖြင့် လေ့လာချိန်မှာ ( ၄ ) နှစ်မျှသာရှိသေးသည်။ ဗရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည့်ကာလသည် ( ၇ ) နှစ်ထက်မပိုသေးချေ။ အကယ်၍ ကြိုတင်လေ့လာခဲ့လျှင် အသက် (၁၂) နှစ်သားမှ စတင်လေ့လာခဲ့ခြင်းဖြစ်ရပေလိမ့်မည်။ ( ၃၄-၂၂=၁၂) လုံးလုံး လုံးဝမဖြစ်နိုင်ကြောင်း သူ၏မရင့်ကျက်ခြင်း၊ မယဉ်ကျေးသော စာပေဘဝက သက်သေခံနေသည်။ မလေးနက်သော ဓမ္မတွေးခေါ်မှုကလည်း သူ၏ဘဝအမှန်ကို ဖေါ်ပြနေသယောင်တကား။

            အနှစ် (၃၀) လုံးလုံး "ဗုဒ္ဓဝါဒ ပြဿနာများ" စာအုပ်ကို ပုံသွင်းဖန်ဆင်းနေသူကား မည်သူနည်း? မည်သည့်ရည်ရွယ်ချက်ရှိသနည်း? လျှို့ဝှက်နက်နဲသော ဂမ္ဘီရလိုင်းဝင် အံ့မခန်းသော စာအုပ်အဖြစ်ထားလိုက်ကြပါစို့။

            နှစ်ဘက်သော စာဖတ်ဓမ္မမိတ်ဆွေအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ အလင်းတရားနှင့်အတူ အမှန်တရားသည် အမှောင်နှင့် အမှားကို ဖယ်ရှားနိုင်ပါစေသော်ဝ်။

အလှူဒါနနဲ့ ပတ်သက်ပြီး ဂေါတာမရွှီးခဲ့သော သူ၏ဘ၀တပိုင်းတစ ယုန်မင်းဇာတ်

ယနေ့သိပ္ပံပညာရှင်များမှာ မွတ်စလင်မ်ဘာသာဝင်ရှိတယ်... ခရစ်ယာန်ဘာသာဝင်ရှိတယ်.... ဟိန္ဒိုဘာသာဝင်ရှိတယ်... ဘာဘာသာဝင်မှလည်း မဟုတ်ဘူး ကိုယ့်ကိုယ်ကို ကိုးကွယ်တာလည်း ရှိတယ်...

သိပ္ပံအကြောင်းကို ပြောရင် အိုင်းစက်နယူးတန်အကြောင်း မပြောရင် မပြည်စုံဘူး ...သူဟာ သိပ္ပံပညာရှင် ဘိုးအေတဦးဖြစ်တယ်... သူ့ရဲ့ နည်းဥပဒေ(law) ပေါ်မှာ အခြေခံပြီး ကျန်ရှိတဲ့ နည်းလမ်းများ အသစ်ထက်ဖြစ်လာတယ်.....

သူကခရစ်ယာန်မိသားစုမှ ပေါက်ဖွားပြီး ခရစ်ယာန်တို့ရဲ့ ကျမ်းအကိုးအကားစာအုပ်များကို သူကိုယ်တိုင်ေ၇းသားထုတ်ဝေခဲ့တယ်လို့လည်း သိရတယ်......... သူက ကမ္ဘာမြေကြီးမှာစွမ်းအင်အားရှိတဲ့အကြောင်းကို ဖော်ထုတ်ခဲ့တဲ့...သိပ္ပံပညာရှင် ဘိုးအေကြီး တယောက်ဖြစ်တယ်...

ယနေ့သိပ္ပံပညာ၇ှင်များရဲ့ အယောက်စီတိုင်းရဲ့ နေထိုင်မူကို ကြည့်ရှုတဲ့အခါမှာ သူတို့တွေအားလုံးတော်တော်များများဟာ ဘာသာရေး၊လူမူရေး၊ နိုင်ငံရေးနဲ့ သိပ်အချိန်မပေးနိုင်ကြဘူး.... သူတို့သိပ္ပံပညာရပ်ဆိုင်ရာ ပေါ်မှာပဲ သူတို့ဘ၀တွေကို နှစ်မြှပ်ထားတယ်.... သိပ္ပံပညာရှင်တချို့ က ဖန်ဆင်းရှင် မရှိဘူးလို့ ငြင်းချက်ထုတ်တယ်....(ဒါပေမဲ့ ဗုဒ္ဓဘာသာ မဟုတ်ဘူးနော်) သူတို့ တိကျစွာလည်း မပြောနိုင်ဘူး....သက်သေမပြနိုင်ဘူး...(ဒါငါ ဖန်ဆင်းရှင်ဆိုတဲ့ ယုံကြည်တဲ့ဘာသာတွေဘက်က ငါက ငြင်းချက်ထုတ်ပေးနေတာပါ)

မင်းတို့ကို ငါဘာပြောချင်လဲဆို ဖန်ဆင်းရှင်မရှိဘူးလို့ ငြင်းချက်ထုတ်တဲ့ သိပ္ပံပညာရှင်တွေစကားကို မင်းတို့လက်ခံရင် သူတို့ငရဲ မရှိ နတ်ြ်ပည်မရှိ နိဗ္ဗာန်မရှိတဲ့ ခံယူချက်မျိုးကို ခံယူလိုက်ပါ.......ငါပြောချင်တဲ့စကားကို မင်းနားလည်တယ်နော်...မင်းတို့က သူတို့ပြောတဲ့ သဘာဝက ဖြစ်လာတယ်ဆိုတဲ့ ခံယူချက်ကြတော့ လက်ခံတယ်...သူတို့ယုံကြည်တဲ့ သေရင်ပြီးပြီ အစဖျောက်ပြီ အဲ့ဒီလိုမျိုးကြတော့ ဘာလို့ မခံယူလဲ....ငါရေးထားတဲ့ စကားကို တွေ့တယ်နော်....သေချာဖတ် သေသေချာချာဖတ်..မင်းက simple letters တွေ ရေးတာကောင်းတယ်...မင်းဒီလို ရေးတတ်နေတာ...

ကမ္ဘာကြီးဟာ ဖန်ဆင်းရှင်ကြောင့် ဖြစ်လာတယ်လို့ ယုံကြည်တဲ့ အင်္ဂလိပ်လို ရေးသားတဲ့ ၀က်ဆိုဒ်တွေ မှာ သွားမေးပါလား သူတို့ မင်းအတွက် အကောင်းဆုံး ဖြေရှင်းပေးလိမ့်မယ်.....
သဘာဝလို့ သတ်မှတ်ရင် ဘာလို့ နိဗ္ဗာန်ဆိုတာ ရှိဖို့လိုအုံးမလဲ အချိန်တန်မွေးပြီး အချိန်တန်သေရမှာ ဘာလို့ နိဗ္ဗာန်ဆိုတာကို မျှော်ရည်မှန်းဆ နေကြတာလဲ သဘာဝက ဖြစ်လာတယ်လို့ လက်ခံရင် နိဗ္ဗာန်မလို့ ငရဲမရှိ မွေးပြီးရင် သေရမယ် ဒါပဲ ဒါမှသာလျှင် သဘာဝက ဖြစ်တယ်လို့ သတ်မှတ်လို့ရမယ် အကုန်ဖြစ်လာတာကြတော့ သဘာဝ သေခါနီးမှ နိဗ္ဗာန်ဆိုတာ လိုအုံးမလား????


ဒါက သိပ္ပံပညာရှင် ခံယူချက်...ဘုရားမရှိဘူးလို့ဆိုတဲ့ သူတို့ရဲ့ယုံကြည်ချက်...မင်းတို့ဘာသာက ဟိုလည်းမရောက် ...ဒီလည်းမရောက်....အနည်းငယ်နဲ့ ကမ္ဘာမှာ ထောင်ထောင်လုပ်ချင်နေတယ်ဟုတ်လား....မင်းတို့ကျမ်းအစအဆုံးကို လက်ခံတဲ့ သိပ္ပံပညာရှင် တယောက်ရှိရင် ငါ့ကိုပြော ဗုဒ္ဓဘာသာဝင်တယောက်ရှိရင် ငါ့ကိုပြော နားလည်လား..မင်းအတွက်နောက်ခါငါမဖြေနိုင်တော့ဘူး...မင်းလည်း ခေတ်ပညာတတ်တယောက်ပဲ မင်းက ဒစ်ဂျစ်တယ်အကြောင်းငါ့ကို ရှင်းပြဖို့ မလို့ပါဘူး...

(မင်းယုံကြည်နေတဲ့ ဗုဒ္ဓ၀င်သိုင်းကျမ်း...ပိဋကတ်သိုင်းကျမ်းအဆိုတွေ ကိန်းဂဏန်းတွေ အများကြီးလွဲနေတာ မင်းမျက်လုံးပိတ်ပြီး ယုံနေတာလား) ကမ္ဘာမြေကြီးအောက်က ငရဲက ဘယ်ရောက်သွားလဲ....မြင့်မိုရ်တောင်ထိပ်က နတ်ပြည်ကကော ဘယ်ရောက်သွားလဲ....

မြင့်မိုရ်တောင်ဆိုရင်လည်း လုံးဝ အလွဲကြီးလွဲနေတယ်...ကမ္ဘာထက်တောင် ကြီးနေတယ်...တောင်ဆိုတဲ့ အရာက မြင်ရာတဲ့ အရာ လေဆိုတာ မမြင်ရတဲ့ အရာ မတူညီတဲ့ အရာနှစ်ခုကို မနှိုင်းယှဉ်ပြနဲ့....ဘယ်မလဲ မြင့်မိုရ်တောင်???


မင်းပြောတဲ့ ဟိုရှေးကတည်းက ဂေါတာမပြောပြီးသွားပြီဆိုတာ ဘယ်မလဲကျမ်း...ဂေါတာမဟောလိုက်လို့ ယနေ့မှန်တဲ့ကျမ်းရှိရင် ငါကိုပြ????ဂေါတာမ ဘုရားဖြစ်တယ်လို့ သက်သေပြနိုင်ရင် ဒီဘလော့ဂ်ကို လုံးဝဖျက်ဆီးလိုက်မယ်.....နားလည်တယ်နော်.....


ဂေါတာမရဲ့ ယုန်မင်းဇာတ်တော်.....
ဂေါတာမ ရွှီးလုံးထုတ်ခဲ့တယ် လွဲမှားတခုပေါ့ဗျာ...ဟာသပဲဗျာ....အလှူဒါနနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေ ရွှီးလုံးထုတ်ခဲ့တဲ့ ယုန်မင်းအကြောင်း ကြားဖူးကြတယ်မလား....ခဏခဏသူတို့ အလှူဒါနနဲ့ ပတ်သက်ပြီး ဒီယုန်မင်း ဇာတ်ထုတ်ကို ခဏခဏသုံးကြတယ်...ထိုစေတ နာ ဒါနနှင့်ပက်သက်၍ ဂေါတာမ ရွှီးခဲ့သော ဇာတ်တော်တစ်ခုရှိခဲ့ဖူးပါသည်။ (ဂေါတာမ)ဘုရား လောင်း ယုန်မင်းဘ၀ ဖြစ်ခဲ့စဉ်တုန်းက ယုန်မင်းဟာ ဥပုသ်စောင့်သိ ပြီးနောက် မိမိထံ အလှူခံ ပုဂ္ဂိုလ်လာပါက “ငါ့အသတ်ကိုသာလှူမည်” ဟု အဓိဌာန်ချမှတ်ခဲ့ပါတယ်။

ထိုအခါ သိကြား မင်းရဲ့ ကျောက်ဖျားပူလာ၍ လူ့ပြည်သို့ကြည့်ရှုရာ ယုန်မင်း၏ မြင့်မြတ်တဲ့ သီလ၊ သမာဓိ၊ ပညာ ကို မြင်လိုက်ပါတယ်။ ဒါကြောင့် သိကြားမင်း သည် အလှူခံပုဏ္ဏားယောင်ဆောင်၍ လူပြည် သို့ဆင်းကာ ယုန်မင်းထံ အလှူခံလေတယ်။

ယုန်မင်းလည်း အလှူခံပုဂ္ဂိုလ် မိမိရှေ့သို့ ရောက်သည့်အခါ မိမိ အဓိဌာန်ပြုထားသည့်အတိုင်း “ကျွန်ုပ်၏ အသားကို အလှူခံပါ” ဟုဆို လိုက်ပြီး အလှူခံပုဂ္ဂိုလ်အား မီးကိုမွှေးစေလိုက်၏။

ယုန်မင်းဟာ မီးဖိုအတွင်းသို့ ခုန်မချခင် မိမိခန္ဓာအားလှုပ်ခါလိုက်ပါတယ်။ ထိုသို့ လှုပ်ခါရခြင်းမှာ မိမိကိုယ်၌ တွယ်ကပ်နေတဲ့ ပိုးမွှား တွေကို အသတ်မသေစေရန်နှင့်၊ လှူဖွယ်ဝတ္တု သန့်သန့်ရှင်းရှင်း ဖြစ်စေရန်အတွက် ဖြစ်ပါ တယ်။

ထိုသို့ ခါပြီးနောက် ယုန်မင်းဟာ မီးဖိုအတွင်းသို့ ခုန်ဆင်း လိုက်ရာ မီးမှာသီတာ ရေစင်ကဲ့သို့ အေးမြနေခဲ့ပါတယ်။ ယုန်မင်းအား မလောင်ကျွမ်းပဲ ရှိနေခဲ့ပါတယ်။ “အသတ်ကို လှူမည်”ဟူသော စေတနာထက်သန်ခဲ့ခြင်းကြောင့် ယုန်မင်း၏ အသားတို့ အလှူခံ ပုဂ္ဂိုလ်ထံ မရောက်သောငြားလည်း ဒါနမြောက်သွားပါတယ်။

အသတ်ကို စွန့်၍လှူတဲ့ ပရမတ္တဒါန ဖြစ်ပါတယ်။ သိကြားမင်းဟာထိုဘုရားလောင်း ယုန်မင်း၏ သူတော်ကောင်းစိတ်ဓာတ်ကို ကမ္ဘာတည်သရွှေ့ နောင်းလူတို့ သိရှိစေဖို့အလိုငှာ တောင်မှ အဆီများကို ထုတ်ယူပြီး ယုန်ရုပ်ကို ရေးဆွဲခဲ့ပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လပေါ်ရှိယုန်ရုပ်လေးကို ယနေ့အချိန် အထိ မြင်တွေ့နေရ ခြင်းဖြစ်ပါတယ်။
celebrate
gelakguling
gelakguling
bising
ဟားဟား ဂေါတာမတစ်ယောက်ကတော့ လုပ်ချလိုက်ပြန်ပါပြီဗျို့ .....သူ့မှာ ညမှောင်မှောင်လသာသာထဲမှ ထိုင်ပြီး လကိုကြည့်ရင်း ယုန်ရုပ်က သူ့မျက်လုံးထဲပေါ်သွားပုံရတယ်...ဒါနဲ့ သူ့ရဲ့ ယုန်ဘ၀ဇာတ်လမ်း တပုင်္ဒကို ထွင်ပြီး ဟောဖို့ အကြောင်းဖန်လာတော့တယ်ဗျာ...ဟားဟား.......ကျွန်တော်ဘယ်လိုကြည့်ကြည့် ယုန်ရုပ့်ကို မပေါ်ဘူး...ကျွန်တော်နဲ့အတူ ဒီလပုံဏ္ဍန့်ကို ကြည့်ပေးကြပါ.....ယုန်ရုပ်ပေါ်လာလို့ပါ...ဟားဟား....(ဂေါတာမ မရူးကြောင်း သက်သေပြနိုင်လျှင် ဒီဘလော့ဂ်အား လုံးဝဖျက်ဆီးမည်....)ဟားဟား ဟာသပဲ
နှိုင်းယှဉ်ပြသထားပါတယ်ဗျာ....ကြည့်ပါအုံး.....တူလားလို့ပါ....

latest news
လကမ္ဘာပေါ်မှာ အမေရိကန်နှင့်ရုရှား ယုန်မင်း ပန်းချီကားအား သွားရောက်ယူဆောင်နေပါတယ်....

gelakguling
tension
tumbuk
တကယ်တော့ လပေါ်မှာ ကျွန်တော်တို့တွေ့ရတဲ့ မညီမညာအကွက်များဟာ တောင်များ၊ လျှိုများကို မြင်တွေ့ရခြင်းသာ ဖြစ်ပါတယ်......
အောက်ကလင့်များမှ ကူးယူဖော်ပြလိုက်ပါတယ်......
ကျတော်ကူးယူတာမှားမမှား ပုံနဲ့တကွဖော်ပြထားသည်။






http://www.myanmarchatonline.org/forum/index.php?action=printpage;topic=4166.0
http://moemaka.com/index.php?option=com_content&task=view&id=4783&Itemid=44
http://www.dhammaratha.com/2008_01_15_archive.html

ကမ္ဘာသမိုင်း အရ ခရစ်တော်၏ (၁၈) နှစ်ပြဿနာအား ဆန်းသစ်၍ တဖန်တင်ပြခြင်း။

၁။ သာသနာ့ရှုဒေါင့်။

            မောင်အံ့ ( မဟာဝိဇ္ဇာ- ဘုံဘေ)၏ "ဗုဒ္ဓသာသနာတော် ၂၅၀ဝ ခရီး" ကျမ်းကြီးမှာ စာမျက်နှာ ( ပတွဲ) ခြောက်ရာကျော်ရှိ၍ အင်္ဂလိပ်မြန်မာပါဠိကျမ်းပေါင်း (၃၀) ကျော်ကို ကိုးကားရေးသားထားပါသည်။ ထိုကျမ်းကြီးတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားပုံနှင့် ပတ်သက်၍ သာသနာပြုရာ ကာလဒေသတို့ကို အတိအကျဖေါ်ပြထားသည်။

            နိဒါန်း ( ကေ)  တိဗက်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိပုံ ဖေါ်ပြချက်ကို ဤသို့ လေ့လာရသည်။

            သာသနာနှစ်                    ဂိုဏ်း                                    မှ                                 သို့

            ၁၀ဝ၀-၁၁၀၂                   မဟာယာန                         အိန္ဒိယ                                  တိဗက်
            အတွင်း                          တန္တရ၊ မန္တရ      
 
            ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲသောနှစ် ( ဘီစီ-၅၄၄) ကို ဗုဒ္ဓသာသနာတော် သက္ကရာဇ်အဖြစ် စတင်ရေတွက်ရာ အစောဆုံး ခရစ်တော်ပွင့်တော်မူပြီး နှစ်ပေါင်း လေးရာကျော် (၄၅၆=၁၀ဝ၀-၅၄၄)မှ အိန္ဒိယပြည်မှ တိဗက်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိသည်ဟု ဆိုသည်။ သို့ရာတွင် သတိပြုရန်ရှိသေးသည်။ ယေရှုခေါ် ဇိဝကိရိတ ကို ရဟန်ပြုပေးသည် ဆိုသောကြောင့် ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မဟုတ်နိုင်။ တိဗက်ဒေသသား ငါးသိန်းကို ရဟန်းပြုပေးသည် ဆိုသော ဗုဒ္ဓဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်မဟုတ်၊ မဟာယန၊ တန္တရ၊ မန္တရဗုဒ္ဓဘာသာသာသနာ၊ အနော်ရထာမင်း မတိုင်မှီထွန်းကားခဲ့သော ပုဂံခေတ် အရည်းကြီး သာသနာမျိုးသာလျှင်ဖြစ်နိုင်ချေစရာရှိလေသည်။ မညှာမတာဆိုရသော မွန်ဘုန်းတော်ကြီးကျောင်းဟူသည် နတ်ဘုရားကျောင်းပင်ဖြစ်သည်။  BON ကို မွန်ဟုလွဲမှားစွာ ဘာသာပြန်ဆိုထားခြင်းသာဖြစ်သည်။
           
            နိဒါန်း ( ဂါ-ဂိ) သာသနာနှစ် (၁၂) ရာစု သာသနာပြန့်ပွားပုံဖေါ်ပြချက်။
                        " တိဗက်ပြည်သို့  ဗုဒ္ဓဘာသာသာသနာတော် စတင်ရောက်ရှိသည်။ ဘုရင်ကိုးကွယ်ခံရ၍ နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။ အရှင်သန္တရက္ခိတနှင့် ပဒုမသမ္ဘဝတို့က စတင်သာသနာပြုခဲ့သဖြင့် တိဗက်လားမားဗုဒ္ဓဘာသာသည် ဆစ်ကင်းပြည်၊ ဘူတန်ပြည်၊ မွန်ဂိုလျှပြည် ဆိုဗီယက်နိုင်ငံများသို့ ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံတွက် ပုပ္ပါးစော ရဟန်းမင်းက သုမုန္ဒရီမင်းဖြိုခွင်းကြွင်းသက္ကရာဇ် (၅၆၀) ကိုချေ၍ (၂) ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် (၂) ဟု စတင်ကာ ယနေ့ထက်တိုင် လက်ရှိမြန်မာ သက္ကရာဇ်၏ အစဖြစ်လေသည်။"

            အထက်ပါဖေါ်ပြချက်ကို တွက်ချက်ညှိနှိုင်းလျှဉ် အောက်ပါ သာသနာသက္ကရာဇ်တို့ကို သိရှိမှတ်သားနိုင်သည်။
                        မူလဗုဒ္ဓသာသနာတော်  သက္ကရာဇ်                 - ၆၂၂
                        ထိုသက္ကရာဇ်ကိုဖြို၍ သုမုန္ဒရီ                         -  +
                        တည်ထောင်သော သက္ကရာဇ်                        - ၅၆၀
                                                                                    ---------
                        တိဗက်စတင်ရောက် သာသနာ                       - ၁၁၈၂ ( ဗုဒ္ဓသာသနာ ၁၂ ရာစု)
                        ပုပ္ပါးစောရဟန်းမင်းမြန်မာသက္ကရာဇ်
                        စတင်ပေါင်းသည့်နှစ်( ဝါ ) ရောက်ဆဲ                +
                        မြန်မာ သက္ကရာဇ်                                       - ၁၃၆၈
                                                                                    ----------
                        ရောက်ဆဲဗုဒ္ဓသာသနာနှစ်                            ၂၅၅၀
            မြန်မာ သက္ကရာဇ် ( ကောဇာသက္ကရာဇ်) စတင်ထူထောင်ချိန်နှင့် တိဗက်သို့ ဗုဒ္ဓသာသနာတော် ရောက်ချိန်တူသဖြင့် တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော် ရောက်သည်မှ နှစ်ပေါင်း ( ၁၃၀ဝ) ကျော်မျှသာရှိသေးသည်။ ယေရှုပေါ်ထွန်းခဲ့သည်ကား နှစ်ပေါင်း ( ၂၀ဝ၀) ကျော်ပြီးဖြစ်သည်။ သို့ဖြစ်၍ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာရောက်သည့်ကာလထက်နှစ်ပေါင်း ( ၆၃၈) ခန့်စော၍ ယေရှုပွင့်တော်မူခဲ့ကြောင်း ထင်ရှားလေပြီးဖြစ်သည်။ ( ၁၃၆၈+၆၃၈=၂၀ဝ၆)     "ပါရမီပြည့်ဝသော်လည်း ပညာရှိသတိဖြစ်ခဲ" အခြေအနေတွင်ရှိနေကြသော ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများ ဓမ္မာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြပါစေသော်ဝ်။

၂။ ရာဇဝင်ရှုဒေါင့်အထွေထွေ။

            သမိုင်းဆရာကြီး  အိခ်ျဂျေဝဲလ် က မိမိ၏ ကမ္ဘာ့သမိုင်းကျမ်းကြီးတွင် ဗုဒ္ဓဘာသာသည် တိဗက်ပြည်သို့ အေဒီ ၆၅၀ ခန့်တွင် စတင်ရောက်ရှိကြောင်းဖေါ်ပြထားသည်။ ရန်ကုန် သမိုင်း သုတေသနဋ္ဌာနမှ သိရှိချက်၊ တွေ့ရှိချက်ကား အေဒီ ၆၄၇ နှင့် အနီးစပ်ဆုံးဖြစ်သည်။

မြန်မာစွယ်စုံကျမ်းအတွဲ (၄) စာမျက်နှာ (၄၅၅) တွင် ဤသို့ ဖေါ်ပြထားသည်။ တိဗက်ပြည်၏ ရှေးဦးသမိုင်းမှာ မရေရာလှချေ။ သေချာရေရာသော သမိုင်းဖြစ်စဉ်မှာ တရုတ်ခရီးသည် တစ်စုသည် လာရောက်လည်ပါတ်ခဲ့သည့်ခရစ်နှစ် ၆၅၀ ပြည့်နှစ်တွင်မှ အစပြုသည်ဟု ဆိုလေသည်။ ၁၃ ရာစုနှစ်လောက်တွင်ကား မွန်ဂိုဘုရင် ဂျစ်ဂစ်ခန် ကသိမ်းပိုက်ယူခဲ့သည်။ သူ၏မြေးတော် ပထမ တရုတ်နိုင်ငံ၏ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန်သည် လားမားဝါဒီတစ်ဦးဖြစ်လာသည်။
            တိဗက်ရဟန်းမင်း၊ ဒလိုင်းလားမား၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကျမ်း  "Freedom In Exile" တနေ့ရာတွင် ဗုဒ္ဓဘာသာသည် တိဗက်သို့ အေဒီ ၄၀ဝ )တွင် ရောက်လာကြောင်းဖေါ်ပြချက်ရှိလေသည်။
            ကမ္ဘာ့ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ခရစ္စမတ်ဟမ္ဖရီ၏ "Buddhism" စာအုပ်တွင် ဤသို့ဖေါ်ပြထားသည်။
            အေဒီ ( ၇ ) ရာစု မတိုင်မီတိဗက်၏ တစ်ခုတည်းသော ဘာသာတရားမှာ ဘွန်းဖြစ်သည်။ အထင်ရှားဆုံးခေါင်းဆောင်မှာ " ရှာမန်" ဖြစ်သည်။ စိတ်တန်ခိုးဖြင့် မိုးလေဝသမှန်အောင် ဖန်တီးပေးနိုင်သည်ဟုဆိုသည်။ ဘွန်းဘာသာသည် သဘာဝတရားကို ကိုးကွယ်ခြင်းဖြစ်သည်။ ဘုမ္မစိုး၊ အာကာသစိုးနတ်မင်းများကို ကိုးကွယ်သည်။
            အေဒီ ( ၅ ) ရာစုတွင် ဗုဒ္ဓစာပေသည် အိန္ဒိယမှ တိဗက်သို့ ရောက်လာသည်။ သို့ရာတွင် စည်ပင်ပြန့်ပွားလေးစားမှုမခံရပေ။ ဆရန်းဆင်းဂမ္ပို ဘုရင်လက်ထက် အေဒီ ( ၇ ) ရာစုတွင် ဗုဒ္ဓဘာသာဝင် တရုတ်မင်းသမီးနှင့် နီပေါမင်းသမီးတို့ကို မိဖုရားမြောက်ခဲ့သည်။ ထိုမှ ကျောင်းကန်ဘုရားများကို ဆောက်၍ကိုးကွယ်စေခဲ့သည်။

            တိဗက်ဗုဒ္ဓဘာသာကို တန္တရ ဗုဒ္ဓဘာသာ ဟု သမုတ်သည်။ တန္တရတွင် ကဏ္ဍ ( ၃ ) ခုရှိသည်။

                        မုဒြ        =          ခန္ဓာကိုယ်အနေအထားဣရိယာပုတ်။
                        မန္တရ      =          ဂါထာမန်းမှုတ်ခြင်း။
                        ယန္တရ     =          ကသိုဏ်းကွက်များ၊ ပုံဆောင်ပုံတော်များ။


၃။ဗုဒ္ဓဝင်အရလည်း ယုတ္တိဗေဒမကျ။

            တိဗက်ပြည်သို့ဗုဒ္ဓဘာသာသာ ရောက်သည်မှာ ယေရှုခရစ်မပေါ်ထွန်းမှီ ဗုဒ္ဓသာသာနာနှစ် ( ၂၃၅ ) ၊ အာသောကမင်းလက်ထက်၊ တတိယသင်္ဂါယနာတင်ပွဲတော်အပြီးတွင် ကိုးတိုင်း ကိုးဋ္ဌာနသို့ သာသနာပြုပုဂ္ဂိုလ်များစေလွတ်ခဲ့သည်။ ကိုးတိုင်းကိုးဋ္ဌာနတွင်း "စိန့်တိုင်း" ပါဝင်။ စိန့်တိုင်းဟူသည် ပါဠိဘာသာအားဖြင့် "စိနရဋ္ဌ"ဖြစ်သည်။ အင်္ဂလိပ်လို အသံထွက်အားဖြင့် ဃ့ငညေ ( တရုတ်) ဖြစ်သည်။ စိန့်တိုင်းသာသနာ့ ခရီးစဉ်နှင့် ပါတ်သက်၍ မှန်နန်းရာဇဝင်တော်ကြီး ပထမတွဲ၊ စာမျက်နှာ ( ၁၄၇ ) တွင်ဤသို့ဖေါ်ပြထားသည်။
            မြန်မာသက္ကရာဇ် ( ကောဇာ) စတင်ထူထောင်ချိန်နှင့် တိဗက်သို့ ဗုဒ္ဓသာသနာတော် ရောက်သည်မှာ နှစ်ပေါင်း ( ၁၃၀ဝ ) ကျော်မျှ သာရှိသေးသည်။ ယေရှုပေါ်ထွန်းခဲ့သည်ကား နှစ်ပေါင်း ( ၂၀ဝ၀ ) ကျော်ပြီဖြစ်သည်။ သို့ဖြစ်၍ တိဗက်သို့ ဗုဒ္ဓသာသနာရောက်သည့်ကာလထက် နှစ်ပေါင်း ( ၆၃၈ ) ခန့်စော၍ ယေရှုပွင့်တော်မူခဲ့ကြောင်းထင်ရှားပေပြီ ( ၁၃၆၉ + ၆၃၈= ၂၀ဝ၆ ) ။
            "မဇ္ဇျိမထေရ်မူကား ကဿပဂေါတ္တထေရ်၊ နာဠကဒေဝထေရ်၊ ဒုန္ဒိုဘိယထေရ်၊ မဟာရေဝထေရ်တို့နှင့်တကွ ဟိမဝန္တာအနီးဖြစ်သော အရပ်သို့ သွားတော်မူ၍ ဓမ္မစက္ကပဝတ္တနသုတ္တဒေသနာဖြင့် ထိုအရပ်သားတို့ကို ကြည်လင်စေ၍ ကုဋေရှစ်ဆယ်မျှလောက်သော သူတို့ကို မဂ်ဖိုလ်တည်းဟူသော တရားရတနာကို ရစေတော်မူ၏။ ဤသို့လျှင် မဇ္ဈိမထေရ်အမှူးရှိသော ငါးပါးသောမထေရ်တို့သည် ဟိမဝန္တာအနီးဖြစ်သော အရပ်၌ ငါးပြည်ထောင်သားတို့၏ကြည်ညို ခြင်းကိုဖြစ်စေ၍ တပါးတပါးသော မထေရ်ထံ၌ တသိန်း တသိန်းမျှလောက်သော သူတို့သည် ရဟန်းပြုကြလေ၏။

            ဟိမဝန္တာအနီးဖြစ်သော ငါးပြည်ထောင်ဟူသည်ကား စိန့်တိုင်း ( တရုတ်)  ငါးရပ်တို့ကို ဆိုလိုသတည်း။ စိန့်တိုင်း ငါးရပ်တို့တွင် တိဗက်ပါဝင်သည်။ သို့ဖြစ်၍ ကိုးတိုင်း ကိုးဋ္ဌာန သာသနာခရီးစဉ်တွင် တိဗက်ပါဝင်ကြောင်း အငြင်းပွားဖွယ်မရှိပေ။ သာသနာပြုလုပ်ငန်းအောင်မြင်မှုအတွက်လည်း ဂုဏ်ယူဝင့်ကြွား သဒ္ဓါပွားရန်ကောင်းလှပေ၏။ ယုံကြည်သူတို့အတွက် ယုံကြည်သဒ္ဓါတရားပွားရန်ကောင်းလှသော်လည်း ထိုအောင်မြင်မှုကို အထောက်အထား အကိုးအကားပြု၍ အခြားသာသနာကို နှိမ့်ချခြင်းပြုလျှင်ကား သုတေသနအဆင့်ဖြင့် ဝေဖန်
( ဝိဘိဇ္ဇာအမှု) ပြုရန်လိုအပ်သည်။ ပြုရပေလိမ့်မည်။

            သိလိုရေး စေတနာသက်သက်ဖြင့် သက်ညှာ ညှာဖြင့် မေးစရာကား--
            လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ၊ ခြောက်နှစ်တာ ဒုက္ခရစရိယာဖြင့် ရှာဖွေခဲ့ရသော အလွန်တရာ နက်နဲသည့် သစ္စာလေးပါးမြတ်တရားကို တိဗက်ပြည်သားတို့အား မည့်သည့်ဘာသာစကားဖြင့် ဟောကြားခဲ့ပါသလဲ? ပဠိဘာသာဖြင့်လား? တိဗက်ဘာသာဖြင့်လား? သက္ကတ ဘာသာဖြင့်လော?
            သာသနာပြု မထေရ်ငါးပါးတို့က ငါးသိန်းမျှလောက်သော တိဗက်ပြည်သားတို့ကို ရဟန်းဘောင်သို့ မည်ကဲ့သို့ သွင်းနိုင်မည်နည်း? ဘုံရဟန်းခံပွဲဟူသည်ရှိသလော? ရဟန်းငါးသိန်းကို ပစ္စည်းလေးပါး ထောက်ပံ့နိုင်လောက်အောင် တိဗက်ပြည်၏ စီးပွားရေး ခိုင်ခံ့ပါသလော?
            သာသနာနှစ် ( ၂၃၅ ) ( ဘီစီ ၃ ရာစု ) တွင် တိဗက်၊ ခိုတန်၊ ဘူတန်၊ ဆစ်ကင်း၊ တရုတ် ပါဝင်သော ဟိမဝန္တာအနီးဖြစ်သော အရပ်၌ လူဦးရေ ကုဋေရှစ်ဆယ် ( သန်း ၈၀ဝ ) ရှိသလော?
            အေဒီ ၂၀ ရာစု၊ နှစ်ပေါင်း ( ၂၀ဝ၀ ) ကျော်ကြာသောအခါ မော်စီတုန်းလက်ထက်တွင်မှ တရုတ်လူဦးရေသန်း ( ၈၀ဝ ) ရှိကြောင်း စာနယ်ဇင်းများတွင် ဖတ်ရှုရသည်။ ရေဒီယို သတင်းများတွင် နားထောင်ရပါသည်။

၎။ သုတေသန စာပေရှုဒေါင့်။
            ဒေါက်တာမြင့်မောင်ရေးသားသော "ဗုဒ္ဓဝါဒပြဿနာများစာအုပ်မှ တွေ့ရှိရသော ဘိက္ခူအရှင် အရိယဓမ္မ၏ ခရစ်ယာန်ဘာသာအယူအဆအား ဝေဖန်ချက်" စာအုပ်မှ သိမှတ်ဖွယ်ရာ အချို့ကို တင်ပြအပ်ပါသည်။
            ပါမောက္ခဂိုရစ်၏ "တိမ်မြုပ်နေသော ခရစ်တော်၏ ဟောပြောချက်များ ( Unknown Teaching of Christ ) စာအုပ်ကိစ္စ။

            အရှင်အရိယဓမ္မ၏ ဖေါ်ပြချက်အရ ကျမ်းပြုသူများ အမေရိကတိုက် ချီကာဂိုမြို့၊ ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခဂိုးရစ်ဖြစ်သည်။ စာမျက်နှာ (၆၀ဝ ) ကျော်ရှိသည်။ ၁၉၂၅ တွင် ပုံနှိပ်ထုတ်ဝေသည်။ သို့ရာတွင် မည်သူပုံနှိပ်သည်မည်သည့်အရပ်တွင် ပုံနှိပ်သည်။ ပုံနှိပ့်သည့်အကြိမ်... စသော အချက်အလက်များ မပြောသဖြင့် ထိုစာအုပ်ရှာရန်မဖြစ်နိုင်ပေ။ တကယ်ရှိ၊ မရှိလည်း မသိနိုင်ပေ။

            ပျောက်ဆုံးသော ( ၁၈ ) နှစ်တာကာလနှင့် ပါတ်သက်၍ နောက်ဆုံးထုတ်ဝေသော စာအုပ် ( ၃)  အုပ်ရှိသည်။ ထိုစာအုပ်များမှာ-
                        Elizaberth Clare Prophet: The Lost years of Jesus ( 1984)
Holgar Kersten: Jesus lived in India ( 1995)
Elmar R Geruber and Holgar Kersten: The Original Jesus ( 1995)
တို့ဖြစ်ကြသည်။ နောက်မှ ထွက်ပေါ်သော ဤစာအုပ်များတွင် ပါမောက္ခဂိုးရစ်ဟူသော အမည်ကို ၄င်းထိုသူ၏ အဓိကတင်ပြချက်များကို ၄င်းဖေါ်ပြကိုးကားခြင်းမရှိပေ။
            ဒေါက်တာမြင့်မောင်က အရှင်အရိယဓမ္မ၏ ခရစ်ယာန်ဘာသာ အယူအဆအား ဝေဖန်ချက်ကို ဤသို့နိုဂုံးချုပ်ထားသည်။
            " အရှင်အရိယဓမ္မကိုးကားသော ထိုစာအုပ်အား ကျွန်တော်မကြားဘူးပေ၊ ကျွန်တော်စာကြည့်တိုက်တွင်ရှိသော စာအုပ်များတွင် ကိုးကားထားသည်ကိုလည်း မတွေ့ရပေ။ မိမိဆိုသည့်စကားအား အကြွင်းမဲ့ ယုံကြည်မှုတောင်းဆိုခြင်း၊ သို့မဟုတ် အခြေအမြစ်မရှိသော စာပေအား ရှာဖွေခိုင်းခြင်းနှင့်တူလှပေသည်"

            မည်သို့ပင်ဖြစ်စေ အရိယဓမ္မ၏ တိဗက်ခရီးစဉ် ဟောပြောချက်ကတော့ ကြီးမားသော အရှိန်ရိုက်ခတ်မှုဖြစ်ပေါ်စေခဲ့သည်ကား အမှန်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာဝင်များအား လွှဲမှားသော အဓမ္မပီတိခံစားစေခဲ့သည်။ ခရစ်ယာန်ဘာသာဝင်အချို့ကိုလည်း ဓမ္မသံသယ တွေဝေစေကာ၊ နာကျည်းမှုဖြစ်ပေါ်စေခဲ့သည်။ တုန့်ပြန်ဖြေရှင်းခွင့်မရနိုင်တော့သော တနည်းအားဖြင့် ဖြေဆေးသုံးခွင့်မရသေးသော ကလောင်အဆိပ်သင့်မှုခံစားနေကြရဆဲဖြစ်သည်။ ဤဝေဒနာနှစ်ပါးစလုံးကို ခံစားဘူးသော ဤစာတမ်းရှင်သည် ဝေဒနာနှစ်ရပ်ပြေငြိမ်းစေလိုကြောင်း ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါကြောင်း။

နောင်ကာလနှင့်ဆိုင်သော ဗုဒ္ဓ၏အနာဂတ္တိစကား

နောင်သောအခါ
ကမ္ဘာရှုပ်ထွေး
ကွဲပြားလူတို့ အစုစုတို့
သေကြေရိုက်နှက်
ချောင်းမြစ်ဖြစ်ဘိ
လုံခြုံလမ်းသစ်
ပညောင်ရိပ်၌
မည်သူထိုင်တန်
ကျွတ်တန်းမှန်၏
နန်းအမတမြေ
လှမ်းနိုင်လေအံ့ လှမ်းနိုင်အံ့။

၁။ ဗုဒ္ဓ၏အနာဂတ္တိစကား။
ယုံကြည်သူဖြစ်လာပြီးနောက် ခရစ်တော်၏ မဟာအမှုတော်မြတ်တွင် နှစ်ပေါင်းများစွာ သွန်သင်လာရင်း ဗုဒ္ဓ၏ ဟောဖေါ်ညွန်ပြသော တရားတော်များကို သာ၍အောက်မေ့သတိရမိပါသည်။
``သာသနာတော် နှစ်ထောင် ( ၂၅၀၀ )ကျော်၊ နောက်သော်ရောက်သောအခါ၊ တရားကင်းကြ မင်းပါပ၊ မုချအုပ်စိုးမှာ၊ ပညောင်အောက်တွင် လောကီဝင် နေရာပြင်ထား ထိုခေတ်တစ်ပါး၊ မာန်ညွတ်ကျိုးနွံသူတော်စဉ်တို့ ဖူးတွေ့ကြုံရ မြတ်ဗုဒ္ဓ´´
ထိုခေတ်ထိုအခါတွင် ဘုရားမြတ်က လောကီတစ်ခွင်လုံးအား ရွှေလက်တော်ဖြင့်စစ်၍ လူတို့အားပြုတော်မူမည်။ ထိုအခါ ဆင်တို့သည် တင်ကျန်ခြင်းမရှိ၊ ခြတို့သည်သာ တင်ကျန်ခြင်းရှိလိမ့်မည်ဟု ဆိုခဲ့လေသည်( လာအိုတစ်ဘောင့်စကား)။ ထိုတစ်ဘောင့်စကားသည် ခေတ်အဆက်ဆက်ကတည်ရှိခဲ့ပါသည်။ လာအိုလူမျိုးတို့က နှုတ်တိုက်အာဂုံဆောင်ကာ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး မိမိတို့နားလည်သလို အနက်ဖွင့်ဆိုကြလေသည်။ ယုံကြည်သူဖြစ်လာပြီးနောက်၎င်း၏ အနက်အဓိပ္ပါယ်ကို လွန်စွာနက်နက်နဲနဲဖြစ်နေကြောင်း ကျွန်ုပ်သိရှိလာရလေသည်။

၂။ အနာဂတ္တိစကားအနက်ဖွင့်ခြင်း။
အောက်ဖေါ်ပြပါ အနာဂတ္တိစကားတို့သည် လွန်စွာမှပင် သိရှိရန် အရေးပါလှပေသည်။

က။ ဗုဒ္ဓပြောကြား နောင်ကာလစကား။
သာသနာ ၂၅၀၀ နောက်ပိုင်း။
သာသနာ ၂၅၀၀ နောက်ပိုင်းရောက်သောအခါတွင် ကမ္ဘာကြီးသည် ယိုယွင်းပျက်စီးမည်ဖြစ်ကြောင်းဆို၏။ ထိုခေတ်ထိုအခါကာလကို ယခုမြင်တွေ့ရပါမည်။ ခရစ်တော်ဘုရားမူကား သာ၍ ရှင်းလင်းသော အနာဂတ္တိစကားကို ဖေါ်ကျူးထားလေသည်။ ရှင်မဿဲ ခရစ်ဝင် ၂၄ တွင် ကမ္ဘာလောကကြီး၏ နောက်ဆုံးသော ဆုတ်ကပ်ကာလအကြောင်းကို၎င်း၊ လူတို့သည် ဘုရားတရားကင်းကွာလာကြမည်ကို၎င်း ဖွင့်ဆိုထားသည်။ တဖြည်းဖြည်းနှင့် တပြည်နှင့်တစ်ပြည် စစ်မက်ဘေး အန္တရယ်များ၊ တောတောင်ပြိုခြင်း၊ ငလျှင်မလှုပ်ခြင်း၊ မိစ္ဆာဒိဌိဘာသာရေးဆရားများ၊ မနာလိုဝန်သိုခြင်း၊ လှည့်ဖြားခြင်း ညှင်းပန်းနှိုပ်စက်ခြင်းစသည်တို့ရှိလိမ့်မည်ဖြစ်ကြောင်းဆို၏။ ၎င်းတို့သည်ဖြစ်ပေါ်နေသည်သာမက ကျွန်ုပ်တို့အား အစဉ်ခြောက်လှန့်နေသည်မဟုတ်ပါလား။ လောကကြီးသည် ထိုထက်သာ၍ဆိုးဝါးလာကာ နောက်ဆုံးသောကာလသည် အဆုံးသတ်နိဂုံးတိုင်ရပေမည်။
ဗုဒ္ဓက နှစ် ၅၀၀၀ နောက်ပိုင်းတွင် ကမ္ဘာကြီးကို မီးဖြင့် ဖျက်စီး၍ လွတ်မြောက်သူမရှိဟု ဆိုခဲ့သည်။ ဗုဒ္ဓပြောခဲ့သည့်အတိုင်း ခရစ်တော်ပြောခဲ့သည့်အတိုင်း ခရစ်တော်ဘုရားက ကြွလာတော်မူသောအခါ ထပ်တူဆိုခဲ့၏၊ ထိုနေ့ရက်ကို ဘုရားမှတစ်ပါး မည်သူမျှ အတိအကျမသိနိုင်ကြောင်း အတိအလင်း ဆိုခဲ့သည်။ သို့တိုင်အောင် နောက်ဆုံးသော ကာလသည် အမှန်ပင် ပြည့်စုံလာမည့်အကြောင်း ကမ္ဘာသည် အဆုံးတိုင်ရပေမည်။ နောက်ဆုံးသောကာလတွင် ဘုရားရှင်က လက်ရှိကမ္ဘာကြီးအား မီးဖြင့် ဖျက်စီးမည့်အကြောင်း ဗျာဒိတ် ၂၀း၉ တွင် သမ္မာကျမ်းစာက ဖေါ်ပြထားပါသည်။ ဗုဒ္ဓဘာသာက၎င်း၊ ခရစ်ယာန်က၎င်း ထိုအရာအတွက် အတိအလင်းမီးနှင့် ဖျက်စီးမည်ကို တစ်သံတည်းဆိုခဲ့ကြလေသည်။
ချစ်စွာသော သူတော်စဉ်အပေါင်းတို့ ထိုအရာများ ဤလောကတွင် ဖြစ်ပေါ်နေပါက မိမိတို့၏ ဘ၀နောင်ရေးအတွက် အသင့်ရှိပြီလား? မည်ကဲ့သို့သော နည်းလမ်းဖြင့် ကျွတ်ရာလမ်းကို ရောက်ရန် မျှော်လင့်ကာ အသက်ရှင်နေပါသနည်း? ထိုမေးခွန်းအတွက် အချိန်မနှောင်းခင် အဖြေပေးရန် အသင့်ရှိ သင့်လှပေသည် မဟုတ်ပါလား?

ခ။ ပညောင်သုံးခက်အရိပ်အောက်၌ လောကသားတို့ ခိုနားရမည်။
လူပေါင်းထောင်သောင်းများစွာသော သူတို့က ပညောင်သုံးခက်အရိပ်ကို အလွန်ပင်စိတ်ဝင်စားကြလေသည်။ ထိုအရိပ်ပေးသော ပညောင်သုံးခက်သည် ကွဲပြားသော လမ်းစဉ်များပင်ဖြစ်သည်။
နိုင်ငံရေးသမားတို့က နိုင်ငံရေးအသွင်ဖြင့်၎င်း၊ ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာဖြင့်၎င်း၊ အခြားသောသူတို့ကလည်း သူတို့၏ အခြားသော လမ်းစဉ်ဖြင့်၎င်း နားလည်သလို အနက်ဖွင့်ကြလေသည်။

(၁) နိုင်ငံရေးဖွင့်ဆိုချက်။
နိုင်ငံရေးသမားတို့က လွတ်လပ်သော ဒီမိုကရေစီ ( သို့ ) ကွန်မြူနစ်စသော ( သို့ ) လူမှုဖွံ့ဖြိုးရေးစသော လမ်းစဉ်သုံးခုဖြင့် ဖွင့်ဆိုကြသည်။

(၂) ဗုဒ္ဓဘာသာဖွင့်ဆိုချက်။
ပညောင်သုံးခက်သည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးပင်ဖြစ်သည်။

(၃) တိုက်ရိုက်ဖွင့်ဆိုချက်။
ထိုညောင်သုံးခက်သည် အမှန်တကယ်ပင် ညောင်သုံးခက်ကို ဆိုလိုသည်ဟု အနက်ဖွင့်ကြလေသည်။ ထိုသို့ဆိုပါက သုံးခုဟူသော ဝေါဟာရအရ လောကီလူသားတို့သည် ထိုအပင်အောက်တွင် အမှန်စုနိုင်ရန်အရေး သတ်ဖြတ် ဖျက်ဆီးခြင်းများရှိနေကြရပေတော့မည်။

(၄) သုံးပွင့်ဆိုင်ဖွင့်ဆိုချက်။
ကျွန်တော့်၏ ယုံကြည်ချက်နှင့် နားလည်မှုအရာ ဂေါတမသည် ဘုးရားရှင်အား ညွှန်ပြခြင်းသာဖြစ်သည်။ သုံးခုဟူသော စကားအလာအရ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူဘုရား၏ မေတ္တာတော်အရိပ်အောက်တွင် အတူတကွ စုရုံးကြခြင်းပင်ဖြစ်သည်။
ဗုဒ္ဓက သူ၏နောက်လိုက်များအား နောင်တွင်ကြွလာမည့် ကယ်တင်ရှင်ကို စောင့်မျှော်ရန် ဟောကြားခဲ့လေသည်။ ဤလောကတွင် မည်ကဲ့သို့သော လူမျိုး၊ တိုင်း၊ နိုင်ငံဖြစ်နေပါစေ ထိုသုံးပါးတစ်ဆူ ဘုရားရှင်၏ ကျေးဇူးတရားအောက်တွင် နားခိုဖြေသိပ့်၍ အကျွတ်တရားလမ်းကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ဂ။ ဘုရား။
``…… မျက်နှာတော်အား ဖူးမျှော်ရမည်´´
ထိုအနာဂတ္တိစကားက ဗုဒ္ဓ ( သို့ ) သိဒ္ဓတ္ထက သူ့ကိုယ်သူ ဘုရားဟူ၍ မညွှန်းဆိုခဲ့သလို၊ ဘုရားတည်ရှိတော်မူကြောင်းကိုလည်း ငြင်းပယ်တော်မူခြင်းမပြုခဲ့ပါ။ သူကိုယ်၌က ဘုရားဖြစ်ခဲ့ပါလျှင် ``သင်သည် ငါ၏ မျက်နှာကိုဖူးမျှော်ရမည်´´ ဟုသာဆိုပေမည်။ ၎င်းအစား ``သင်သည် ဘုရားမျက်နှာတော်အား ဖူးမျှော်ရမည်´´ ဟုဆိုသောကြောင့် ထိုဘုရားရှင်ကား သူ၏နောက်တွင် ကြွလာတော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားပင်ဖြစ်လေတော့သည်တကား။ ယေရှုခရစ်တော်ဘုရားက ဗုဒ္ဓကွယ်လွန်ပြီးနောက် ၅၄၃ နှစ်အကြာတွင် ပေါ်ထွန်းတော်မူခဲ့လေခြင်းဖြစ်သည်မှာ ဗုဒ္ဓ၏ စကားဦး အနာဂတ္တိစကားတို့နှင့်အညီ ဗုဒ္ဓသာသနာ၏ အနားအဆုံးသတ် သာသနာ ၅၀၀ အတွင်းတွင်ဖြစ်သည်ကိုကား အတိအကျပင်ဖြစ်လေသည်။

ဃ။ ထိုက်တန်သောသူ။
`` ထိုက်တန်သောသူသည် မျက်နှာတော်ကို ဖူးတွေ့ရမည်´´
အဘယ်ကဲ့သို့သော လူပုဂ္ဂိုလ်က ထိုက်တန်သနည်း? လူပေါင်းများစွာက နည်းလမ်းစုံဖြင့်အနက်ဖွင့်ဆိုကြ၏။ ထိုက်တန်သောသူသည် နက်နဲ၍ မြင်တွေ့ရန်ခက်ခဲလှသော အရာများကိုလည်း မြင်တွေ့ခံစားနားလည်နိုင်ခွင့်ရှိသည်ကို ကျွန်ုပ်တို့ ကောင်းစွာသဘောပေါက်ခဲ့သည်။ ``ထိုက်တန်သောသူ´´ ဟူသောစကားကို ဗုဒ္ဓ၏ အနာဂတ္တိစကားတွင် ထိုသို့သောသူများကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။ ထိုစကားကို သိမြင်၍ နားလည်သောသူသည် ကောင်းစွာသော အနက်အဓိပ္ပယ်ကို နားလည်သောကြောင့် ``ထိုက်တန်သောသူ´´ ဟူ၍ဆိုလိုခြင်းပင်ဖြစ်သည်။ ဗုဒ္ဓက ``ငါ၏သွန်သက်ချက် နှုတ်ကပတ်တော်ကို နားလည်ပါက ငါသည် အဘယ်သူဖြစ်သည်ကို သိလိမ့်မည်´´ ဟုဆိုထားလေသည်။
ဘုရားကို ယုံကြည်ကိုးစားသော မည်သူမဆို ``နှုတ်ကပတ်တော်´´သည် မည်သူဖြစ်ကြောင်း၊ မည်သူ့ကိုဆိုလိုကြောင်းသိပေမည်။ ထို ``နှုတ်ကပတ်တော်´´ သည် ဗုဒ္ဓ၏ အနာဂတ္တိစကားတော်အဖြစ် ကောင်းစွာနားလည်ရပေသည်။ ဤနေရာတွင် ``နှုတ်ကပတ်တော်´´သည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ထိုအရာကို ရှင်ယောဟန်က ကောင်းစွာရှင်းပြထားခဲ့လေသည်။ ``
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်ဘည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ´´ တဖန် ``နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။´´``ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။´´ ( ယောဟန် ၁း၁-၃၊၁၄၊၁၈)။
ထိုယေရှုခရစ်တော်သည်ကား ကျွန်ုပ်တို့ ဘိုးဘေးများ မျှော်လင့်စောင့်စားနေခဲ့ကြသော ကယ်တင်ရှင်မြတ်ဘုရားစင်စစ်ပင်ဖြစ်လေသည်သာမက ဗုဒ္ဓ၏ အနာဂတ္တိစကားတို့၏ အချုပ်အခြာလည်းဖြစ်တော်မူလေသည်။
ကျွန်ုပ်တို့၏ ဘေးဘိုးအစဉ်အဆက်တို့သည် ဆွမ်း၊ ကွမ်းများကို ကျောင်းကန်ဘုရားများသို့ ပို့ဆောင်ရာ၌ ရေကိုလည်းယူသကဲ့သို့/ ဆရာတော်ကြီးများကလည်း ရွတ်ဖတ်သရဈာယ်ကျသောအခါတွင် ရေစက်သွန်းရင်း `` ဤသို့ပြုရ ကုသလကြောင့် အို၊ နာကင်းရာ မြတ်နိဗ္ဗာန်ကို ဆောင်ပို့စေ၍၊ နောက်လာလတံသော ကယ်ချွတ်ရှင်မြတ်အား ဖူးတွေ့ရသူဖြစ်ကြစေ´´ ဟူ၍ ဆုပေးခြင်းအမှုကို ပြုကြလေသည်။ ``ယေရှုခရစ်တော်ဘုရားက ရှမာရိ အမျိုးသမီးအား ``
ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ´´ ( ယောဟန် ၄း၂၆)၊ တဖန် ဖိလိပ္ပုအားလည်း ``သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ ဟုမိန့်တော်မူသည်။ ´´ ( ယောဟန် ၁၄း၇ ) ဟုမိန်ဆိုတော်မူခဲ့လေသည်။
ထိုခရစ်တော်သည်ကား ဗုဒ္ဓက နောင်ကာလအချိန်တွင် ဤလောကကို ကယ်တင်မည့် ကယ်ချွတ်ရှင်ဖြစ်ကြောင်းကို အနာဂတ္တိစကားတို့က ညွှန်ပြနေခြင်းပင်ဖြစ်လေတော့သည်။

င။ နန်အမတ ရောက်မည့်သူနှင့် မရောက်မည့်သူ။
``ခြတို့သည်ကား တင်ကျန်ရစ်လိမ့်မည်…´´
တင်ကျန်သောခြတို့သည်ကား သာမန်လူတန်းစား လက်လုက်လက်စားစသောသူများကို ညွှန်းဆိုခြင်းဖြစ်သည်။ လောကစည်းစိမ်ကြွယ်ဝချမ်းသာခြင်းဖြင့် ပူပန်စိုးရိမ်ကာ ဘုရားတရားကို မျက်ကွယ်ပြုနေသော သူများကို မရည်ညွှန်းပါ။ ထိုသို့သော သူတို့၏စိတ်သည် စိတ်မသာညည်းတွားသောသူတို့သည် ဘုရားရှင်ထံသို့ဝင်ရောက်လာရန် ဆန္ဒအသင့် လွယ်ကူစွာရှိကြလေသည်။
တင်ကျန်ခြင်းမရှိသော ဆင်သည် ရာထူး၊ ဂုဏ်၊ ပကာသနတို့ဖြင့် အတ္တတစ်လူလူလွင့်ထူနေသော သူများကိုဆိုလိုခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည်ကား လူရှေ့တွင် သိမ်ငယ်မည်၊ ရာထူးဂုဏ်ရှိန်ညိုးမည်ကို စိုးသောကြောင့် မိမိမာန်ခ၀ါချရန် လွန်စွာခက်ခဲသည်နှင့်အညီ ``ရိုသေမန်ညွန်ကျိုး´´ ဟူသော စကားကို နှုတ်တွင် သွင်သွင်ဆိုသော်လည်း လက်တွေ့တွင်ကား ဘုရားဘုန်းထက် လူဘုန်းကိုသာ ရလိုသောကြောင့် ဘုရားရှင်ထံ ၀င်ရောက်ရန် လွန်စွာ ခဲယဉ်းလှပေသည်။
သမ္မာကျမ်းစာတွင်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလသုံးတန်အတွက် ထိုသူတို့ကို ဘုရားထံမရောက်နိုင်သည့်အကြောင့်ကို တွေ့ရလေသည်။ ချမ်းသာလျှက် လူဆင်းရဲ ( လုကာ ၁၂း၁၆-၂၁)၊ ကပ်စေးနဲသူဌေး (လုကာ ၁၆း၁၉-၃၁)၊ သူဌေးသား ( လုကာ ၁၈း၁၈-၃၀)။ ဘုရင်အဂရိပနှင့် အရာရှိကြီများ ( တမန်တော် ၂၅-၂၆)၊ နိကောဒင် ( ယောဟန် ၃း၁-၂၁ ) စသည်ဖြင့် တွေ့ရပါသည်။ အထက်ပါ ပုဂ္ဂိုလ်တို့သည် သူတို့၏ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ အခွင့်အလမ်းများကို ခင်တွယ် တပ်မက်သောကြောင့် ဘုရားရှင်ထံတော်မှောက်သို့ အရောက်ဝင်ရန် လွန်စွာခဲယဉ်းလှကြောင့် အတိအလင်းဆိုထားလေသည်။ ထို့ကြောင့်လည်း ``
တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။´´ ( မဿဲ ၁၉း၂၄ ) ဟု မိန့်ဆိုထားခဲ့လေသည်။
အမှန်တကယ်ရဲရင့်သော သူတို့မူကား ဘုရားထံတော်မှောက်တွင် မာန်ခ၀ါချကာ မိမိ၏ ယခုဘ၀နောင်ဘ၀အရေး အကျွတ်တရား နန်းအမတအတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချကာ `` ဘုရားမှတစ်ပါး အားကိုးစရာ အခြားမရှိ´´ ဆိုသော စကားနှင့်အညီ ဘုရားကိုသာ ကိုးစားယုံကြည်ရဲကြပေမည်။

၃။ မေတ္တာရှင် ဘုရားက လူတိုင်းကိုချစ်၍ အခွင့်အလမ်းပေးတော်မူခြင်း။
ဘုရားရှင်က ကျွန်ုပ်တို့အား ``တင်ကျန်သောခြ၊ တင်ကျန်ခြင်းမရှိသောဆင်´´ မိမိလိုရာအတိုင်းဖြစ်နိုင်သော အခွင့်အရေးကို ပေးထားတော်မူပါသည်။ ဘုရားမှတစ်ပါး အားကိုရာမရှိ ဆိုသောစကားအတိုင်း ``ဘုရားကို ရှာကြံသူ ´´အဖြစ် သို့မဟုတ် မိမိကိုယ်သာ ကိုးစားရာ ``ဘုရားမလို ငါသာဗိုလ်´´ ဆိုသောစကားကို၎င်း ရွေးချယ်ခွင့်ပေးထားပါသည်။ မှန်သော သစ္စာစကားသည်ကား ဘုရားရှင်သည် လောကီသားတို့အား ချစ်တော်မူ၍ အမှုများကို ပြုပေးတော်မူခဲ့ပါပြီ၊ ``ဘုရားဖက်၍ အသက်ဆက်´´ ကာ အကျွတ်တရားကို ရယူရန်သာလိုကြောင်း သိခွင့်လည်းပေးခဲ့ပါပြီ၊ သို့တိုင်အောင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး စသော အတ္တအစွဲအလမ်းတရားတို့ဖြင့် ဘုရားမြတ်၏ ဖွင့်ပေးထားတော်မူသော လမ်းစဉ်ကို၎င်း မဂ္ဂင်ဖောင်တော်ကို၎င်း ယနေ့တိုင် ကျွန်ုပ်တို့ ဥပေက္ခာပြု၊ လျစ်လျှူရှုနေကြဆဲပင်ဖြစ်သည်။ ဦးဆုံးဘုရားရှင်၏ လုပ်ဆောင်ချက်ကား ရှေးဘိုးဘေး ပုရောဖက်များအားဖြင့် ကယ်ချွတ်ရှင်ကြွလာမည့်အကြောင်းကို ဟောဖေါ်ညွှန်ပြတော်မူခဲ့လေသည်။ တဖန် အချိန်တန်သောအခါတွင် သားတော် ယေရှုခရစ်တော်ဘုရားအား စေလွတ်ကာ သူ၏ကိုယ်စား လူသားအားလုံးအတွက် ကိုယ်စားပြုယတြာအဖြစ်တော်ခံယူခြင်းအားဖြင့် အပါယ်ငရဲမှ မြတ်သော နန်းအမတလမ်းကိုဖွင့်ပေးစေခဲ့ပါသည်။ ထို့နောက်တွင်ကား သေခြင်းမာန်ကို အောင်မြင်စေခဲ့ပြီး ကျွန်ုပ်တို့အားလုံးကို စိတ်ချမှုအပြည့်ပေးတော်မူခဲ့ပါသည်။ ``မရဏာကို အောင်မြင်တော်မူခြင်း´´ အရှင်မြတ်အဖြစ်သက်သေပြုတော်မူစေခဲ့ပါသည်။ ထို့နောက်မှာကား ၎င်းအမှုအရာ အလုံးစုံတို့ကို ကျွန်ုပ်တို့ လောကီသားများသိရှိစေရန် သမ္မာကျမ်းစာတွင် မှတ်တမ်းပြု၍ ကျွန်ုပ်တို့သိရှိစေရန် ဘုရားမြတ်ရှင်က စောင့်ထိန်းကွယ်ကာတော်မူခဲ့ပါသည်။
ထိုကြီးမြတ်လှသော ဘုရားမြတ်၏မေတ္တာတော်ကို ဆင်ခြင်အောက်မေ့ကြပါစို့၊ ကျွန်ုပ်တို့သာ ဘုရားရှင်နေရာတွင် ဆိုပါက ``ထိုသို့ပြုနိုင်ဦးမည်လော?´´ ကျွန်ုပ်တို့စိတ်မျိုးဖြင့်ရှိတော်မမူသော ဘုရားရှင်၏ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တတို့အား အောက်မေ့ကျေးဇူးတင်ကြပါစို့၊ ထိုဘုရားရှင်သည် ကျွန်ုပ်တို့အပေါ်တွင် အနာဂတဿ ညာဏ်တော်အားဖြင့် အနှိုင်းမဲ့ မေတ္တာတော်အားဖြင့် အပြစ်ကို ခွင့်လွတ်နိုင်ရေး လမ်းမဂ်တရားကို ဖွင့်ပေးတော်မူကာ နန်းအမတသို့ အရောက်ပို့ဆောင်ပေးလိုသော ဘုရားမြတ်ပင်ဖြစ်သောကြောင့် ယုံကြည်ကိုးစားထိုက်လှပေသည်။

၎။ တင်ကျန်ခြင်း မရှိသောဆင်တို့၏ အကြောင်းတရား။
ရွှေရေစစ်ဖြင့် စစ်သောအခါတင်ကျန်ခြင်းမရှိသော ဆင်တို့မှာ လူကုံတန်၊ ကြွယ်ဝချမ်းသာသူ၊ ရာထူးဂုဏ်ရှိန်ရှိသူများ ကိုဆိုလိုခြင်းဖြစ်သည်။ တင်ကျန်ခြင်း မရှိရခြင်းမှာ မိမိတို့သည် တစ်ခြားသောသူများထက် သာလွန်ထူးကဲ့သောသူများအဖြစ် ထင်မှတ်ထားကြသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှိုပ်ချရန် လွန်စွာခဲယဉ်းလှပြီး သူတို့ဘ၀တွင် မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမလို နောက်ဆုံး ဘုရားမြတ်ရှင်၏ ကျေးဇူးတော်ကိုပင်မလိုဟု ထင်မှတ်သောကြောင့် ပင်ဖြစ်သည်။ ဘုရား၏ ဓမ္မတာနှင့် လူတို့၏သဘောသဘာဝတို့သည် သုံးနှင့်လေးပမာ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာကျမ်းစာတွင်ကြည့်ပါက
မဿဲ ၂၃း၁၂ တွင်လည်း ``အကြင်သူသည် မိမိကိုမြှောက်အံ့၊ ထိုသူသည် နှိမ်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ်ချအံ့၊ ထိုသူသည် မြှောက်ခြင်းသို့ ရောက်လတံ့။ ´´ ဟုဆိုထားလေသည်။
ကွဲပြားခြားနားသောအရာများထဲမှ တစ်ခုကိုပြပါက ``လူသည် ပေးကမ်းလိုသလော ( သို့ ) မိမိကိုယ်ကျိုးအတွက် ဆုတောင်းလိုသလော?´´ ဆိုသောအချက်ကပင် ကွာခြားနေပေသည်။ ဘုရားရှင်က ``
အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။´´ ( မဿဲ ၁၆း၂၅ )။ 

မိတ်ဆွေသည် အထက်ပါစကားများကို ကြားနာရချိန်တွင် အဘယ်သို့ ထင်မြင်ပါသနည်း? အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်လိုပါသနည်း? တင်ကျန်ရစ်သောခြ သို့တည်းမဟုတ် အပါယ်ခံရသောဆင် မည်သည့်အသွင်ကို ရယူလိုပါသနည်း? ဘုရားရှင်၏ ရွှေရေစစ်တော်ဖြင့် စစ်သောအခါ လွန်သွားလိုသလော? တင်ကျန်လိုသလော? တင်ကျန်သောခြသူငယ်ဖြစ်လိုပါသလော? ဆင်ခြင်ပွားများ၍ ဘုရားလက်ကိုင်ပြုနိုင်သူဖြစ်ပါစေလို့ စာရေးသူဆန္ဒပြုပါတယ်။

ရွှေတိဂုံ စေတီ၏ အကြောင်းအရာများကိုပြခြင်း။

 
မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့၌ ရှိသော၊ ဘုရားလေးဆူတို့၏ ဓါတ်တော်စုဝေးရာဟူ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကိုးကွယ်ရာဖြစ်သော ရွှေတိဂုံစေတီ၏ အကြောင်းအရာကို ပိဋကတ်ကျမ်းဂန်တို့နှင့် လာရှိသည့်အတိုင်း စစ်ဆေး၍ဖေါ်ပြရလျှင် ရမညတိုင်း၊ ဥက္ကလပ ဇနပုဒ် ပေါက္ခရတီမြို့မှ ကုန်သည်ညီနောင် ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် လှည်းငါးရာနှင့် သွားရာ ရှင်တော်ဂေါတမသည် ဘုရားဖြစ်၍ သတ္တဌာန ၄၉ ရက်မြောက်သောနေ့တွင် လင်းလွန်းပင်အောက်၌ ၎င်းညီနောင်တို့သည် တွေ့၍ ဂေါတမမှ ဆံတော်ရှစ်ချောင်းကိုပေးလိုက်သည်ဟု ရွှေတိဂုံသမိုင်းတွင် ပြဆိုသည်။
သထုံမြို့ ရှင်မဟာဗောဓိရေးသားသော အနာဂတ၀ံကျမ်း၌ပြဆိုသည်မှာကား။ ။ တဖုဿဘလ္လိကဒွေးဘာဟိကာနံမုဌိကေသဓာတုယောဒတွာ။ ။ဟူ၍ပါဠိလာသည်နှင့်အညီ ၎င်းပါဠိကို မြန်မာလိုပြန်ဆိုရပါက။ တဖုဿဘလ္လိကဒွေးဘာဟိကာနံ တဖုဿ ဘလ္လိကာ ညီနောင်နှစ်ယောက်တို့အား။ မုဌိကေသဓာတုယော တစ်စုပ်သော ဆံတော်ကို။ ဒတွာ ပေးတော်မူ၏ဟူ၍ပြဆိုသည်။ ဆံတော်ရှစ်ချောင်းဟူ၍ မပြဆိုပါ။ ရှင်မဟာနာမရေးသားသော ၀ိနည်းမဟာဝါအဌကထာ၌ ဆံတော်မည်၍မည်မျှဟူ၍ ပိုင်ခြားခြင်းမရှိ၊ ပေးလိုက်ကြောင်းကိုသာပြဆိုသည်။ ၎င်းပြင် တဖုဿနှင့် ဘလ္လိက ညီနောင်တို့၏ နေရပ်ဌာနေ၊ မြို့ရွာများကို အင်္ဂုတ္တရအဌကထာ တဖုဿဝတ္ထု၌ပြဆိုသည်မှာ ၎င်းညီနောင် နှစ်ဦးတို့သည် ရှင်ဂေါတမပေးလိုက်သော ဆံတော်ကို မိမိတို့နေရပ်ဌာနဖြစ်သော အလိတဉ္စနမြို့သို့ ယူလာပြီးလျှင် ၎င်းမြို့တံခါးအနီး အ၀၌ စေတီပြုလုပ်၍ ကိုးကွယ်လေသည်ဟူ၍ပြဆိုသည်။ ရှင်ဓမ္မပါလရေးသားသော ထေရ်ရာကထာ၊ ဘလ္လိကထေရ်၏ သုတ်အဖွင့်တွင်ပြဆိုသည်မှာကား ၎င်းညီနောင်တို့သည် ရာဇဂြိုဟ်ပြည်တွင် ရှင်တော်ဂေါတမတရားကိုနာရ၍ ညီဘလ္လိကသည် ရဟန္တာဖြစ်သွားသည်ဟူ၍ပြဆိုသည်။ အင်္ဂုတ္ထိုရ်ဝတ္ထု၌ ၎င်းဘလ္လိက အမည်ကို ဘတ္တိကဟူ၍လည်းခေါ်သည်။ ။ထို့ကြောင့်ရွှေတိဂုံ သမိုင်းတွင် ပြဆိုသော အရာများနှင့် ပိဋကတ်ကျမ်းတို့တွင် ပြဆိုမှုများတို့သည် အလျှဉ်းမတူကြပါ။ သို့ဖြစ်၍ ၎င်းသမိုင်းစာဆိုသည့်အတိုင်း ဟုတ်သည် မဟုတ်သည်ကိုသာ၍သိရန်၊ ရွေးချယ်၍ကောက်နှုတ်ပြလိုက်ပါသည်။ ကြီးကျယ်သောအမှားများကိုသာလျှင် ကောက်နှုတ်၍ အချုပ်ဖေါ်ပြပါမည်။ ၎င်းသမိုင်းစာတို့ကို စာအုပ်တွင် ရေးပြရလျှင် ဂဏ္ဍဘာရဖြစ်၍ ကျမ်း၏၀န်ကို လေးမည်တစ်ကြောင်း။ ဘတ်ရှုသူတို့လည်း စိတ်မရှင်းမည်ကို စိုးသောကြောင့်တစ်ကြောင်း ထို့ကြောင့် သေးသိမ်သော အမှားတို့ကို ချွင်းချန်၍ ကြီးမားသော အမှားများကိုသာလျှင် ထုတ်နှုတ်ဖေါ်ပြသွားပါမည်။
ရွှေတိဂုံသမိုင်း၌ တချက်ပြဆိုသည်မှာ ၎င်းညီနောင် တဖုဿနှင့် ဘလ္လိကတို့သည် ရွှေတိဂုံစေတီ၏ တည်ရာ ဥက္ကလာပမြို့က အနောက်မဇ္ဈိမဒေသ ရှင်တော်ဂေါတမရှိရာ ဗောဓိပင် အနီးလင်းလွန်းပင်နေရာသို့ လှည်းငါးရာနှင့် ကုန်ရောင်းသွားသည်ဆိုသော စကားသည် မဟုတ်နိုင်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမဇ္ဈိမဒေသနှင့် မြန်မာနိုင်ငံအကြားတွင် မြစ်ဘယ်မျှလောက်ခြားသည် တောင်ရိုးတောင်တန်းဘယ်မျှလောက်ကြီးကျယ်စွာခြားနားသည်ကို ယခုမျက်မှောက်ခေတ်နှင့် နှိုင်းစာလျှင်၎င်း၊ တိုင်းထွာလျှင်၎င်း သိနိုင်ပါသည်။
၎င်းအပြင် ဆံတော်ကို ယူလာစဉ်အခါက ၎င်းဆံတော်ကို ဌာပနာပြု၍ ကိုးကွယ်ဘို့ရာ ရှေးအထက်က ရှင်တော်ဂေါတမ၏ နောင်တော်ဖြစ်သော ကကုသံ၊ ဂေါဏဂုံ၊ ကဿဖစသော ဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေသနှုတ်တော်၊ ဓမ္မခရိုင်တော်များ ဌာပနာရာအရပ်ကို အသက်ကြီးသူလူမှစ၍ ဘုမ္မစိုး၊ ရုက္ခစိုး၊ နတ်၊ သိကြားမင်းမှစ၍၎င်း၊ ရေသဖန်းပင်စောင့်နတ် ၊ အိန္ဒရနတ်၊ ဂေါဝိလနတ် ၎င်းနတ်သုံးပါးတို့အားမေးရာ ၎င်းနတ်သားသုံးယောက်တို့ကလည်း အကျွန်ုပ်တို့သည် အသက်တမ်းအားဖြင့် ကမ္ဘာတစ်ဝက်မျှသာ ရှိပါသေးသောကြောင့် ဘုရားသုံးဆူတို့၏ ဓါတ်တော်များကို ဌာပနာရာအရပ်အား မသိကြပါဟုဆိုကြလေသည်။  ၎င်းသမိုင်းစာအရ ပိဋကတ်နှင့် အကိုက်ညီပေ။ ပိဋကတ်က ပြဆိုသည်မှာ အန္တရကပ်ခြောက်ဆယ့်လေးကပ်ကိုမှ မဟာကပ်ကြီးတကပ်ဟုပြဆိုသောကြောင့်၎င်း၊ ၎င်းမဟာကပ်ကြီးလေးကပ်ကို တကမ္ဘာဟုခေါ်သည်၊ ၎င်းဘုရားသုံးဆူတို့တွင် ကကုသံ ဘုရားသည် အန္တရကပ် ရှစ်ကပ်မြောက်တွင်ပွင့်သည်။ ကိုးကပ်မြောက်တွင် ဂေါဏဂုံ ပွင့်သည်။ ဆယ်ကပ်မြောက်တွင် ကဿဖပွင့်သည်ဟုပြဆိုထားလေသည်။ ထို့ကြောင့် ဘုရားလေးဆူတို့ပွင့်သော အချိန်ကာလသည် ကမ္ဘာတ၀က်မရှိသေး၊ ကမ္ဘာတ၀က် ရောက်ဘို့ရာကို မဆိုထားနှင့်ဦး မဟာကပ်တ၀က်ရောက်ဘို့ရာကိုမှ အန္တရကပ်နှစ်ဆယ့်တကပ်လိုသေးသည်။ ထို့ကြောင့် သမိုင်းစာတွင်ပြဆိုသော ကမ္ဘာတ၀က်ရှိသည့် ရေသဖန်းပင်စောင့်နတ်၊ အိန္ဒရနတ်၊ ဂေါပိရနတ်တို့သည် ရွှေတိဂုံသမိုင်းစာ၌ပြဆိုသည့်အတိုင်း အသက်ရှိရိုးမှန်သည်ဆိုပါလျှင်၊ ၎င်းရွှေတိဂုံ သမိုင်းစာပြဆိုသည့်အတိုင်းမှန်ပါကလည်း ၎င်းဘုရားသုံးဆူတို့၏ အကြောင်းအရာကို သိစရာရှိသည်။ ဤကားစဉ်းစာရန်နှင့် အမှားကိုထောက်ပြခြင်းပင်ဖြစ်သည်
၎င်းပြင် ရွှေတိဂုံသမိုင်း၌ ပြဆိုပြန်သည်မှာ ၎င်းဘုရားသုံးဆူတို့၏ ဌာပနာရာအရပ်ကိုသိသော ဒိက္ခိဏနတ်၊ ယောဟဏိနတ်၊ မှော်ဘီနတ်၊ အမြိဿာရနတ်၊ ဆူးလေနတ်ဟူ၍ နတ်သားငါးယောက်တို့ကို သိကြားမင်းခေါ်၍မေးရာ၊ အကျွန်ုပ်တို့၏ အသက်သည် တကမ္ဘာစီရှိပါပြီဟု ပြောသည်။ ထိုသို့ပြောသောအခါ ဘုရားသုံးဆူတို့၏ ဓါတ်တော်ဌာပနာရာအရပ်တို့ကိုမေးလေရာ ထိုနတ်သားငါးယောက်တို့အနက် ဆူးလေနတ်သားပြောသည်မှာ သူသည် ကကုသံ ဘုရားလက်ထက်တွင် ဘီလူးအဖြစ်နှင့် ဖူးတွေ့ရဘူးပါသည် ထိုအခါက ပေးတော်မူသော ဓမ္မခရိုင်အား ၎င်းကုန်း၌ပင် ဌာပနာထား၍ကိုးကွယ်ပါသည်ဟုလျှောက်ဆိုလေသည်။ ဒုတိယတဖန် မှော်ဘီနတ်ကိုမေးသောအခါတွင် မှော်ဘီနတ်ကပြောသည်မှာ အကျွန်ုပ်သည် ဂေါဏဂုံ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့ရ၍ အကျွန်ုပ်ကိုးကွယ်ဘို့ရန်ပေးတော်မူသော ရေသနုတ်တော်ကို ၎င်းကုန်းပေါ်မှာပင် ဌာပနာပြု၍ ကိုးကွယ်ပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကို မေးပြန်သော် ၎င်းနတ်သားက ပြောပြန်သည်မှာ အကျွန်ုပ်သည် ကဿဖ ဘုရားလက်ထက်က ဘီလူးအဖြစ်နှင့် ဖူးတွေ့စဉ်က အကျွန်ုပ်ကိုးကွယ်ဖို့ တောင်ဝှေးတော်ကိုပေးသနားတော်မူပါသည် ၎င်းတော်ဝှေးတော်အား ၎င်းကုန်း၌ပင် ဌာပနာပြုထားပါသည်ဟုလျှောက်လေသည်။ ၎င်းနောက် အခြားနတ်သား တစ်ယောက်ကိုမေးပြန်သော် ၎င်းနတ်သားက အကျွန်ုပ်သည် ဂေါတမဘုရားဖြစ်သည်ကို သိပါသည်ဟုပြောသည်။ ၎င်းနောက် နတ်သားတစ်ယောက်ကိုမေးပြန်သော် အခြားနတ်သားတစ်ယောက်က အကျွန်ုပ်သည် ကမ္ဘာကုန်သည့်တိုင်အောင် ၎င်းဓါတ်တော်ကို စောင့်ရှောက်ရပါမည်ဟု ပြောဆိုလေသည်။ ၎င်းနတ်သား ငါးယောက်တို့တွင် ဆူးလေနတ်နှင့် မှော်ဘီနတ်သာလျှင်  ကကုသံ ဘုရားဓါတ်တော်နှင့် ဂေါဏဂုံ ဘုရားဓါတ်တော်ကို ထိန်းသိမ်းရကြောင်းကိုသာလျှင် သမိုင်းစာတွင်ပြဆိုသည်။ ကျန်နတ်သား သုံးယောက်တို့သည် မည်သည့်နတ်၊ မည်သည့်ဘုရားဓါတ်တော်ကိုစောင့်ရှောက်ရကြောင်း အတိအလင်းနှင့် ကမ္ဘာမည်၍မည်မျှ စသည်တို့ကိုဖေါ်ပြထားခြင်းမရှိပါ
၎င်းသမိုင်းစာအရ စဉ်းစားစရာရှိသည်မှာ နတ်သားငါးယောက်တို့သည် ဤကမ္ဘာတွင် အသက်အားဖြင့် တကမ္ဘာစီရှိသည်ဟူ၍ သမိုင်းစာတွင်ပြဆိုသည်ကတချက်၊ ၎င်းအပြင် ပြဆိုသောအရာမှာ ၎င်းနတ်သားငါးယောက်တို့တွင် သုံးယောက်သော နတ်သားတို့မှာ ဘုရားတစ်ဆူလျှင် ဘီလူးအဖြစ်နှင့် တွေ့ကြုံရသည်ဟူ၍ဆိုထားချေသည်။ ထို့ကြောင့် ၎င်းနှစ်ချက်ကို စဉ်းစားထောက်ရှုပါလျှင် အဘယ်မျှလောက် မှားသည်ကို မြင်တွေ့နိုင်ပေသည်။ သို့သော် သေချာစေရန် ထောက်ပြပါဦးမည်။ ၎င်းဘုရားလေးဆူတို့သည် အန္တရရှစ်ကပ်မြောက်မှစ၍ ဆယ့်တစ်ကပ်မြောက် အတွင်းမှာ ပွင့်ကြသည်ဟု ပိဋကတ်မှာ ပြဆိုသည်တစ်ချက်၊ ၎င်းနတ်သားငါးယောက်တို့တွင်လည်း သုံးယောက်သော နတ်သားတို့သည် ဘုရားသုံးဆူတို့အပွင့်တွင် ဘီလူးအဖြစ်နှင့် တွေ့ကြုံဘူးလေသည်ကတစ်ချက်၊ ၎င်းနတ်သားတို့အသက်သည်လည်း တကမ္ဘာစီရှိကြပြီဟု ပြဆိုသောအချက်တို့ကို တစ်ခုနှင့်တစ်ခု တိုက်ဆိုင်စစ်ဆေး၍ ကြည့်ရှုလျှင်ယခုပြဆိုသော ဘုရားလေးဆူတို့သည် ဤဘဒ္ဓကမ္ဘာတွင်းမှာသာလျှင်ပွင့်ကြကုန်သည်ဟု ပိဋကတ်တွင်ပြဆိုသောကြောင့် ၎င်းရွှေတိဂုံသမိုင်းစာတွင် ပြဆိုသော နတ်သားငါးယောက်တို့၏ အသက်တကမ္ဘာစီရှိသည်ဟု ပြဆိုခြင်းသည်လည်း ပိဋကတ်ကျမ်းစကားနှင့် မညီသည့်အပြင် မိမိရေးသားသော သမိုင်းစာတွင် ရှေ့စကားနောက် စကားမညီသောကြောင့် သိသာရန် ရွှေတိဂုံ သမိုင်းစာမှားချက်ကို ၀ကွက်၍ ရှင်းပြလိုက်ပါသည်။ ၎င်းအပြင်  သမိုင်းစာတွင် ပြဆိုပြန်သည်မှာ ၎င်းဆံတော်ဓါတ်ကို ဥက္ကလပမင်းကြီးနှင့်တကွ တဖုဿ၊ ဘလ္လိက ညီနောင်တို့ ဌပနာတိုက်တွင်းစဉ်အခါက ၎င်းဌာပနာတိုက်ထဲသို့ ဆံတော်ဓါတ်နှင့်အတူ တည့်သွင်းသည်မှာ ၎င်းဥက္ကလာပမင်းကြီးအရုပ်မှစ၍ မိဖုရားမောင်းမမိဿံ၊ ဆွေတော်မျိုးတော်တို့၏ အရုပ်၊ တဖုဿနှင့် ဘလ္လိက၊ ညီနောင်သမီးခင်ပွန်းတို့၏ အရုပ်စသည်တို့ကို သွန်းလုပ်၍ ထည်းထားကြကုန်သည်။ ၎င်းအပြင် လင်္ကျာရံ ရှင်သာရိပုတ္တရာအရုပ်၊ လက်ဝဲရံ ရင်မောဂ္ဂလံအရုပ်မှစ၍ အသီမိရဟန္တာ ရှစ်ကျိပ်တို့၏ အရုပ်တို့ကိုလည်း သွန်းလုပ်၍ထည့်ထားကုန်၏ဟု သမိုင်းစာတွင်ပြဆိုသည်။ ၎င်းပြဆိုခြင်းသည် မဟုတ်နိုင်ရာ အဘယ့်ကြောင့်ဆိုသော် တဖုဿ ဘလ္လိက ညီနောင်တို့သည် ရှင်တော်ဂေါတမနှင့် တွေ့ရှိစဉ်အခါက ရှင်တော်ဂေါတမသည် ဘုရားအဖြစ်သို့ရောက်၍ ၄၉ ရက်မျှသာရှိသေးသည်၊ မည်သူ့ကိုမှ မည်သည့်တရားကိုမှ မဟောရသေး၊ မည်သည့်ဇာတ်နိပါတ်ကိုမှလည်း မထုတ်ဖေါ်ရသေး၊ ဤအခါက တဖုဿ ဘလ္လိက ညီနောင်တို့သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုသော ဒွေးဝါစိက သရဏဂုံကိုသာလျှင် ခံယူရလေသည်ဟု ဗုဒ္ဓ၀င် အဌကထာကျမ်းတွင်ပြဆိုထားလေသည်။ ထို့ကြောင့် ၎င်းဆံတော်ကို ဌာပနာ စည်းစဉ်အခါက ဌာပနာတိုက်ထဲသို့ လင်္ကျာရံ၊ လက်ဝဲရံမှစ၍ အသီမိရှစ်ကျိပ်ရဟန္တာတို့၏ အရုပ်ကို သွန်းလုပ်၍ ဌာပနာသည်ဟု သမိုင်းစာတွင် ပြဆိုခြင်းများတို့သည် ၎င်းသမိုင်းစာတွင် ရေးသည့်အတိုင်း မမှန်ကြောင်းကို သက်သေခံပြထားသောကြောင့် ရှင်းလင်းစွာသိမြင်ရလေသည်။ အကယ်၍ ရှင်တော်ဂေါတမရှိစဉ်အခါက တဖုဿ၊ ဘလ္လိကတို့အား ဆံတော်ကို ကိုးကွယ်ဘို့ရာပေးသည်ဆိုစေဦးတော့၊ တဖုဿ၊ ဘလ္လိကတို့ စေတီတည်သည်ဆိုစေဦးတော့ ဤမြန်မာနိုင်ငံတွင် မဟုတ်နိုင်ရာဖြစ်သတည်း။  ဤကား ရွှေတိဂုံစေတီ၏ သမိုင်းအကြောင်းအရာတို့ကို စစ်ဆေး၍ပြလိုက်ခြင်းပင်ဖြစ်သတည်း။